အမှန်တော့ဒီလူကြီးမကောင်းတာဗျ… ကျုပ်ဟာကျုပ် ဆိုရှယ်ဆိုဒ်လေး မှာ စာလေးရေးလိုက် တက်လာတဲ့ ကောမက် လေးဖတ်လိုက် “ကောင်းလိုက်တာ”  …… “ထပ်ရေးပါအုံး” ….. “စောင့်ဖတ်နေတယ်နော်”…..“အားပေးပါတယ်” …ဒီဆယ်ကျော်သက်လေး တွေရဲ့ ဘဝင်ကြိုက် သိပ်မိုက်နေပြီထင်တာ ကောမက်လေးတွေကြည့် ဒူးလေး နှမ့်ပြီး  လူရွှင်တော်တွေပြောသလိုဆို ငါခူးပြုံးလေးနဲ့ပေါ့ ဒါပေမယ့် ဒီနေရာရောက်မှ ဒီလူကြီးလုပ်လို့ ကျုပ်မှာ အဲဒီဘက်တောင်ခြေဦး မလှည်ဖြစ်ဘူုး ကျုပ်ဆိုတဲ့ကောင်ကလဲ နည်းနည်းတော့ဆိုးသားဗျ ဘာပစ္စည်းဝယ်ဝယ် ဂရန်တီပါသလား ကံစမ်းမဲပါသလား ဒါကြည့်ဝယ် တဲ့ကောင် ဒီဆိုဒ်မှာဒီလူကြီးလုပ်လိုက်တာနဲ့  ကျုပ်မှာ ဘယ်ရောက်ရောက် အင်တာနက်ဆိုင်ပြေးရ ကိုယ့်ဝယ်ထားတဲ့ နက်ဘုဒ် ခေါ်လား နုတ်ဘုတ်ခေါ်လား  အဲဒါကြီးအလေးခံသယ်ပြီး အင်တာနက်ဖရီးဇုန် ရှိတဲဆိုင်  လေအောင့်ခံ ကော်ဖီသောက်ပြီး ဒါကြီးပဲဖွင့်ဖွင့် ကြည်နေရတာ အဲဒါကြီးလေးတယ်ထင်ရင်တော့ အိုင်ပက်လား  အိုင်မပက်တာလား ကျောက်သင်ပုန်း အသေးစားလေးနဲ့ […]