Ma MaOctober 14, 20111min26121
သံပန်းလုပ်သားလေးတစ်ယောက်ဟာ သူ့ဆရာရဲ့ ဆိုင်ကယ်ကို ပိုင်ရှင်မရှိတုန်း အစီးသင် တက်စီးကြည့်ပါတယ်။ မစီးတတ်တော့ ဆိုင်ကယ်က လုပ်လက်စ သံပန်းတံခါးကို ဝင်တိုက်မိပြီး တံခါးပျက်သွားပါတယ်။ ဆိုင်ကယ်လည်း နည်းနည်းထိသွားသလို လူလည်း ခြေထောက်ခိုက်မိပြီး သွေးထွက်သံယို ဖြစ်သွားတာပေ့ါ။ အဲဒီအချိန်မှာ အိမ်ရှင်က သူ့တံခါးပျက်သွားလို့ အလုပ်သမားကောင်လေးကို ဆူပူပြီး သူ့ဆရာကို အသစ်ပြန်လုပ်ပေးဖို့ တောင်းဆိုပါတယ်။ သံပန်းဆရာကလည်း ပေါများသူမဟုတ်တာမို့ သူ့ဆိုင်ကယ်ထိသွားလို့ ထွက်မယ့်ငွေ၊ သံပန်းတံခါးကို ပြန်ပြင်ပေးရမှာမို့ ပစ္စည်းဖိုး၊ လက်ခ စသဖြင့် ကုန်ကျမှာတွေကို တွက်မိပြီး ဆတ်ဆတ်ဆော့ဆော့ လုပ်လိုက်တဲ့ အလုပ်သမားကို ဆူပူကြိမ်းမောင်းပါတော့တယ်။ အဲဒီ ဖြစ်ပုံပျက်ပုံအလုံးစုံကို မီဒီယာသမားတစ်ယောက်က အေးစက်မာကျောခက်ထန်သော နှလုံးသားတံခါး ပွင့်ထွက်လာတယ်လို့ စာစီပါတော့တယ်။ နောက်ဆုံးမှာ အိမ်ရှင်နဲ့ အလုပ်ရှင်ကို ထိခိုက်မိတဲ့ အလုပ်သမားလေးကို လူသားချင်းမစာနာဘူးဆိုပြီး စွပ်စွဲပုတ်ခတ်တဲ့စာတွေ […]