anewgenerationboneJune 11, 20111min17511
ကျေးဇူးပြုကြပါခင်ဗျား နယ်မှာပါ အသက် သုံးဆယ်ကျော်ကျော် လူတစ်ယောက်ပါ အိမ်ထောင်ရှိပါတယ် ကလေးတစ်ယောက်နှင့်ပါ ယနေ့မှ ဆိုလျှင် နှစ်နှစ်ခန့်တော့ရှိပါပြီ မိုးတွင်းဖက်ကြီးပါ မနက်ရေချိုးပြီးတာနဲ့ အဝတ်စားလဲနေတုန်း ဘုန်းဆိုလဲကျပြီး လေဖြတ်သွားတာပါ ကိုယ်တစ်ခြမ်းဖြတ်သွားတယ်လို့ဆိုရမလားခင်ဗျား ပါးစပ်ရွှဲ့သွားပါတယ် လက်တွေခြေတွေ ရွှဲ့သွားပါတယ် လမ်းကိုတော့ အဲ့သည်လိုဘဲ ရွှဲ့စောင်းရွှဲ့စောင်းနဲ့ဘဲ တော်တော်ခက်ခက်ခဲခဲလျှောက်ရပါတယ် အပေါ့အပါးသွား အိမ်သာတက်တာတို့ ဆို သူ့တွက် ရော သူ့မိသားစုတွက်ပါ တော်တော်ကို ဒုက္ခရောက်ကြရပါတယ် ဒါ့ကြောင့် ဘယ်လို သမားတော်တွေကို ပြသပြီး ဘယ်လိုဆေးဝါးတွေကို မှီဝဲသင့်ပါသလဲဆိုတာ ကို ကျေးဇူးပြုကြပါခင်ဗျား ဆိုလိုတာက ဆေးညွှန်း သမားညွှန်းကို လမ်းညွှန်ပေးကြစေလိုပါတယ်ခင်ဗျား