ဒီနေ ့ မေလ(၂)ရက်နေ ့ သူခွဲခွာလို ့သွားခဲ့တာ (၆)နှစ်ပြည့်ခဲ့ပီ။သူ ့လုပ်ဖော်ကိုင်ဖက် တပည့်သားမြေး တွေ မျှော်နေပေမယ့် ၂၀၀၆ခုနှစ် မေလ(၂)ရက်နေ ့ကတည်းက သံတွဲဆေးရုံ မှာ နောက်ဆုံးထွက်သက် ချိန်ထိ သူစကားတခွန်းဘဲပြောခဲ့နိုင်ပါတယ်။“ငါ့အမျိုးတွေ ညီစေ”တဲ့။ ဦးမြင့်သန်း အမှတ်တရ ပွဲ ဓါတ်ပုံတွေကို စတင်ပေးတဲ့ ဖေ့စ်ဘွခ်စာမျက်နှာ http://www.facebook.com/88GenerationStudents ကိုကျေးဇူးတင်ရပါမယ်။ပုံ(၂)ပုံဘဲတင်ထားပေမယ့် မေလ(၆)ရက်နေ ့နောက်ပိုင်းမှာ ပိုစုံလင်အောင်တင် ပေးနိုင်မယ် မျှော်လင့်ပါတယ်။ဒီအခမ်းအနားမှာ ကျနော်မရှိနိုင်ပေမယ့် ကျနော့်ထက်ပို အရေးကြီးသူဖြစ် တဲ့၊သူ ့လက်ပေါ်မှာ ဆုံးပါးသွားတယ်ပြောနိုင်တဲ့ ဆရာဆီက ဓါတ်ပုံများ ယူ၍အားလုံး မြင်ရ၊တွေ ့ရအောင် ဝေမျှပေးပါမယ်။ ဒါလေးက ဖေ့စ်ဘွခ်မှာ တင်ထားတာလေးပါ။   ၂၀၀၆ ခုနှစ်၊ မေလ ၂ ရက် ၊ သံတွဲထောင်တွင် ကွယ်လွန်သွားခဲ့သော ဦးမြင့်သန်း အတွက် ကွယ်လွန်ခြင်း ၆နှစ်မြောက် အမှတ်တရကို ရှမ်းပြည်နယ်၊ […]