ရခိုင်တို့ ပြည်နယ်ပေးရေးတောင်းဆိုချက်နှင့် ဘင်္ဂါလီမွတ်ဆလင်တို့ အပြိုင်တောင်းဆိုလာခြင်း ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အင်္ဂလိပ်တို့ ပြန်လည် ဝင်ရောက်လာသည့်အခါ ရခိုင်တွင် အလံနီ ကွန်မြူနစ်ပါတီ၏ ဩဇာလွှမ်းမိုးမှုမှာ အခြေခိုင်နေပြီ ဖြစ်သည်။ ရခိုင်ပြည်နယ် လူထုတွင် ရခိုင် (ဖဆပလ)ခေါင်းဆောင်များကို မကျေနပ်ခြင်း၊ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယားတို့ကဲ့သို့ ပြည်နယ် အခွင့်အရေးကို ခံစားလိုခြင်း တို့ကြောင့် ရခိုင်ပြည်နယ် တောင်းဆိုသော ရခိုင်ခေါင်းဆောင် ဦးစိန္တာအဖွဲ့ကို အားပေးလာသည်။ ၎င်းအဖွဲ့သည် အလံနီကွန်မြူနစ် လိုလားသူအဖွဲ့ဖြစ်ပြီး ရခိုင်သီးခြား ခွဲထွက်ရေးကို တောင်းဆိုနေသူများ ဖြစ်သည်။ ၁၉၄ရ ဧပြီလ ၃ ရက်နေ့တွင် မြေပုံမြို့၌ ရခိုင်အမျိုးသားညီလာခံကို ကျင်းပရာ လူတစ်သောင်းကျော် တက်ရောက်ပြီး အလံနီ ကွန်မြူနစ်များနှင့် ဖဆပလလည်း တက်ရောက် ကြသည်။ ထိုညီလာခံတွင် […]