အာဂOctober 11, 20101min15720
အရမ်း သဘောကျမိတဲ့ ပုံလေးတစ်ပုံ ပါ ။ လမ်းဘေးမှာ ဆင်းဆင်းရဲရဲ့နဲ့ ထမင်းချက်နေတဲ့အမျိုးသမီးကြီးတစ်ယောက်ရဲ့ သားသမီးလား ၊မြေးလားမသိတဲ့ ကလေးလေးတစ်ယောက် ရဲ့  ဘာသာရေး ကြည်ညိုကိုင်းရှိင်းမှု ပုံရိပ်လေးပါ။ ကလေးလေးက ပုံမှာ ကြည့်ရတာ အသက်တော်တော်ငယ်သေးတဲ့ပုံပါပဲ။ ဦးဇင်းကြီးရဲ့ အကြည့် ကလည်း ပိတီတွေ နဲ့ အသက်ဝင်လှပါတယ်။ ဘေးကအဒေါ်ကြီးက လည်း သူကလေးရဲ့ လိမ္မာရေးခြားရှိမှု ကိုကြည့်   ပြီး ပိတီဖြစ်နေပုံပါပဲ..။ နောက်တွေးမိတာက ဒီလိုလူမမယ်ကလေးတောင် သံဃာတော် ကိုရိုသေလေးစား ရမှန်းသိပြီး တိုင်းပြည်အုပ်ချုပ်နေတဲ့ လူတွေက မသိပဲ သံဃာတွေကို ပြီးခဲ့ တဲ့ အရေးအခင်းမှာ ရိုက်နှက်သတ်ပုတ် ကိုယှဉ်ကြည့်ပြီး ဒေါသထွက်ရပါတယ်။ မှတ်ချက်။ ။ မည်သူရိုက်ထားသည့်ပုံလည်းတော့မသိပါ။ ဓာတ်ပုံပိုင်ရှင် အနေဖြင့် ခွင့်လွတ်နားလည်လိမ့်မည်ဟုလည်း ယူဆမိပါသည်။