စာပေစကားဝိုင်းတစ်ခုမှာပြောဖြစ်ကြတာပါ။ လူငယ်တစ်ဦး ဆရာဝန်ဘွဲ ့ရသည်။ဆေးခန်းဖွင့်သည်။သို ့သော်ဘယ်လောက်မျှမကြာပါ ထိုဆရာဝန်သည် နားကြပ်ကိုပစ်လျှက် ကလောင်ကိုင်ကာစာရေးဆရာလုပ်သွားလေသည်။ သို ့နှင့်…… “အလကားဗျာ. ဆရာဝန်တစ်ယောက်ဆုံရှုံးရတယ်၊နောက်သူ ့နေရာမှာ ဖြစ်လာရမယ့် ဆရာဝန်တစ်ယောက်နစ်နာတယ်။ဒီလိုတော့ မလုပ်သင့်ဘူးပေါ့ဗျာ”ဟုပြောနေကြတယ်ပေါ့။ “အံမယ်. ဆရာဝန်ဖြစ်လို ့ ထက်ထက်မြက်မြက်နဲ ့စာရေးကောင်းတာဗျာ။ဆယ်တန်းမှာ အတော်ဆုံးတွေက ဆရာဝန်တွေပဲ လုပ်ရတာမလား။တခြားနေရာတွေမှာ လည်းလူတော်တွေ လိုတာပဲ။ခင်များတို ့ကြည့်လေ ဆရာဝန်လုပ်ရင် သူ ့ဆေးခန်းလာတဲ့ လူနာလောက်ဘဲ ဆေးကုနိုင်မှာပေါ့။အခုတနိုင်ငံလုံးကို စာနဲ ့ကူပေးနေတယ်လေ”ဟု တစ်ဖက်မှဆိုသူကလဲ ဆိုလေသည်။ ဒီနေရာမှာ ကိုယ့်အမြင်ကိုတော့ နည်းနည်းပြောချင်လို ့မနေနိုင်ဝင်ပြောလိုက်တယ်။ ဒီနေ ့ခေတ်မှာ ခုပြောတဲ့ဆရာဝန်က (၁)သူဝါသနာပါလို ့စာရေးတဲ့ဖက်ကူးသွားတာလဲဖြစ်နိုင်တယ်။(၂)ယနေ ့ခေတ်သာမန်ဆေးတက္ကသိုလ်ကျောင်းပြီးစဆရာဝန်တွေ ကိုယ့်ထမင်းကိုယ်တောင်ရှာစားဖို ့နေနေသာ၊လဘက်ရည်ဖိုးတောင် ပုံမှန်ဝင်ရဲ ့လား မေးရမယ့်အနေအထားမို ့ပါ။ နောက်တစ်ခု ထပ်ပြီးကျွန်တော် ကိုယ်တိုင်နဲ […]