Zaw WonnaNovember 21, 20101min15811
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်းတစ်ခု အတွင်း ဝှက်ထားသော လူသား သန္ဓေသားအလောင်း ၂၀၀ဝ ကျော်ကို ရဲများက တွေ့ရှိခဲ့ကြသည်။ ထိုသန္ဓေသားများမှာ ကိုယ်ဝန်များကို တရားမဝင် ဖျက်ချပေးသော ဆေးခန်းများမှ လာရောက် စွန့်ပစ်သွားခြင်း ဖြစ်မည်ဟု ယူဆရသည်။ ပြင်းထန်သော အပုပ်နံ့ကြောင့် ရဲများက ရှာဖွေရာတွင် အင်္ဂါနေ့က သန္ဓေသားအလောင်း ၃၀ဝ ကျော် တွေ့ရှိခဲ့သည်။ အလုပ်သမားများသည် သန္ဓေသားအလောင်း ၂၀၀ဝ ကျော်ကို သောကြာနေ့က ထပ်မံ တူးဖော်ရရှိခဲ့သည်။ ထိုမှုခင်းနှင့် ပတ်သက်၍ လူအချို့ကို ဖမ်းဆီးထားပြီး ဖြစ်သည်။ ထိုအထဲတွင် အလောင်းများကို ဝှက်ပေးသောသူ နှစ်ဦးနှင့် ကိုယ်ဝန်ဖျက်ချပေးသော ဆေးခန်းမှ အလုပ်သမားတစ်ဦးတို့ကို လိုင်စင်မဲ့ ဆေးခန်းဖွင့်မှုနှင့် ကိုယ်ဝန်ဖျက်ချ ပေးမှုတို့ဖြင့် စွဲချက်တင်ထားသည်။ ကိုယ်ဝန်ဆောင်မိခင်၏ […]