alinsettJune 16, 20121min23710
”မင်းမှ ရေမကူးတတ်တာ၊ ဟက်ဆန်” ဟက်ဆန်ရယ်သည်။ ”အိပ်မက်ပါဆိုမှ၊ အစ်ကိုအေမားရာ … အိပ်မက်ထဲ ကြိုက်တာလုပ်နိုင်တာပေါ့။ အဲဒါထားဦး။ ငါတို့ရေဆင်းကူးတော့ ‘ပြန်တက်၊ ပြန်တက်’ ဆိုပြီး လူတွေအော်ကြတာ ဝက်ဝက်ကွဲပဲ။ ငါတို့ကတော့ ဆက်ကူး၊ ကန်အလယ်ကိုတောင် ရောက်နေပြီ။ ရေတွေကလည်း အေးလို့။ ကမ်းဘက်က လူတွေကိုလက်ပြတော့ လူတွေကသေးသေးလေး။ပုရွက်ဆိတ်လေးတွေလိုပဲ။ ဒါပေမယ့် လက်ခုပ်သံကိုတော့ အကျယ်ကြီးကြားရတယ်။ ရေထဲမှာ ဘာမိစ္ဆာမှမရှိဘူး၊ ရေပဲရှိ တယ်ဆိုတာ လူတွေသိသွားကြရောတဲ့။ နောက်တော့ ရေကန်ကို နာမည်ပြောင်း လိုက်တယ်။ ကဘူးမြို့ရဲ့ ပသီဘုရင်များ – အေမားနဲ့ဟက်ဆန်ရဲ့ကန် တဲ့။ လူတွေ ကန်ထဲရေဆင်းကူးရင် ငါတို့ကို ပိုက်ဆံပေးရတယ်တဲ့” ”ဒီအိပ်မက်က ဘာအဓိပ္ပါယ်လဲ” __________________________________________________ ”ဒီအိပ်မက်က ဘာအဓိပ္ပါယ်လဲ” ကျွန်တော်စားဖို့မုန့်ကို ဟက်ဆန်က ယိုသုတ်၍ ပန်းကန်ပြားထဲထည့်ပေး […]