True FaithJuly 23, 20101min610
တခါတုန်းက လူငယ်အရွယ် သူငယ်ချင်းနှစ်ယောက်ဟာ ခရီးတခု ထွက်လာကြတယ်။ လမ်းခရီးမှာရှိတဲ့ သဲကန္တာရတခုကို ဖြတ်သွားနေတုန်း ခရီးတနေရာ အရောက်မှာ သူတို့နှစ်ယောက် စကားများပြီး ရန်ဖြစ်ကြတယ်။ အဲဒီလို ဖြစ်တဲ့အချိန် သူငယ်ချင်း တယောက်က နောက်တယောက်ရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တယ်။ အထိုးခံရတဲ့ လူငယ်လေးဟာ တော်တော်လေးနာသွားပြီး ဘာစကားမှ ပြန်မပြောဘဲ သဲပြင်ပေါ်မှာ ဒီလို ချရေးလိုက်တယ်။ “ယနေ့ ငါ့အခင်ဆုံး သူငယ်ချင်းက င့ါကိုထိုးတယ်” အဲလိုနဲ့ သူတို့နှစ်ယောက်ဟာ သဲကန္တာရကို ကျော်ဖြတ်ပြီးတဲ့နောက် မြစ်ချောင်း ရွံနွံပေါများတဲ့ အရပ်ကို ရောက်သွားတယ်။ ဒီလိုနဲ့ ခရီးဆက်နေရင်း ခုနက အထိုးခံရတဲ့ လူငယ်လေးဟာ နွံအိုင်ထဲကို အမှတ်တမဲ့ ပြုတ်ကျသွားတယ်။ ထိုးလိုက်တဲ့ သူငယ်ချင်းက နွံအိုင်ထဲက သူငယ်ချင်းကို ကယ်လိုက်တယ်။ ကုန်းပေါ်ပြန်ရောက်တဲ့အခါ […]