black chawDecember 13, 20111min28612
ကျွန်တော်တို့ ရွာသူရွာသားတွေ သံအမတ်ကြီး တစ်ယောက်ရဲ့ အတွေ့အကြုံလေးတွေကို အတူလေ့လာရ အောင်ပါ။ ထုံးစံအတိုင်း ဘလက်က စာအုပ်တစ်အုပ်ကိုဖတ်ပြီး သကာလ ရွာသူရွာသားတွေလည်း ဖတ်သင့်တယ်လို့ ယူဆပါသဖြင့် ဝေမျှခွင့်ပြုပါ။ စာရေးသူက အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်း ပါ။ စာအုပ်နာမည်မှာ “ကင်းဝန်ခြေရာ လိုက်၍သာ” ဟု အမည်ရပါသည်။ စာရေးသူ၏ ၁၉၇၅ မှ ၁၉၇၈ အထိ တာဝန်ထမ်းဆောင်ခဲ့သော ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဘဝ သံတမန် မှတ်တမ်းဖြစ်ပါသည်။ ကျွန်တော်တို့နဲ့ မနီးစပ်ပါသော ပြည်ပရောက်မြန်မာသံအမတ် တို့၏ အတွေ့အကြုံကို လေ့လာခွင့်ရပါမည်။ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ဖြင့် ရေးထားသော စာအုပ်ဖြစ်ပါသည်။ အခန်းပေါင်း ၁ရ ခန်း ပါဝင်ပြီး ဖတ်သင့်တဲ့အခန်းတချို့ကို ဘလက်က ရွေးထုတ်ပြီး တင်ပြမည် ဖြစ်ပါသည်။ […]