တကယ်တော့ ယနေ ့ခေတ်မှာ မှတ်ပုံပြန်တင်ပြီး ပါတီထူထောင်ခွင့်ရထားပြီဖြစ်တဲ့၊အနယ်နယ်အရပ်ရပ်မှာ ရုံးသစ်တွေရော၊အဟောင်းတွေပါ အသီးသီးပြန်ဖွင့်နေကြပီ ဖြစ်တဲ့ NLD ပါတီဟာ ၁၉၉ဝပြည့် ရွေးကောက်ပွဲရဲ ့အောင်နိုင်သူဆိုတာ သမိုင်းက သက်သေပါ။ဘယ်သူမှငြင်းလို ့မရပါဘူး။ ပြီးခဲ့တာတွေလဲ ပြီးသွားပြီမို ့ထပ်မပြောတော့ဘူးဗျာ။ဒါပေမယ့် ခုနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ ့၈၈ မျိုးဆက်ကျောင်းသားတွေ တိုင်းပြည်အတွက် ဘယ်ပုံစံ အပေးအယူအချိတ်အဆက်မိမိချီတက်နိုင်မလဲဆိုတာ အများပြည်သူရဲ ့စိတ်ဓာတ်၊ခံယူချက်နဲ ့ကိုယ်ရည်ကိုယ်သွေးအပေါ်အများကြီးမှီခိုသွားပါပီ။တိုင်းပြည်တစ်ပြည်တည်ထောင်မယ့်နေရာ မှာ ခေါင်းဆောင်ကောင်းရှိဖို ့လိုသလို နောက်လိုက်လဲကောင်းဖို ့လိုပါတယ်။ဒေါ်စုပြောဖူးတဲ့ စကားတစ်ခွန်းမှာ“ခေါင်းဆောင်ရှိလို ့ ဒီမိုကရေစီလှုပ်ရှားမှုရှိတာမဟုတ်ဘူး၊ဒီမိုကရေစီလှုပ်ရှားမှုရှိလို ့ ခေါင်းဆောင်ဆိုတာဖြစ်လာတာ”ပါတဲ့ဗျာ။ ကျနော်ကပြောချင်တာကို ဝေ့လည်နေသလို ဖြစ်နေသလားလို ့ဗျာ။ဒီလိုပါ“ခုနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ ့၈၈ မျိုးဆက်ကျောင်းသားတွေ တိုင်းပြည်အတွက် ဘယ်ပုံစံအပေးအယူအချိတ်အဆက်မိမိချီတက်နိုင်မလဲဆိုတာ အများပြည်သူရဲ ့စိတ်ဓာတ်၊ခံယူချက်နဲ ့ကိုယ်ရည်ကိုယ်သွေးအပေါ်အများကြီးမှီခိုသွားပါပီ”ဆိုတဲ့ အချက်ကိုထောက်ပြဝေဖန်ပေးပါမယ်။ဒါပေမယ့်ခုပေးမယ့်ဝေဖန်မှုဟာတစ်ခြားနေရာဒေသကလူအများအတွက်မဟုတ်ပါဘဲ သံတွဲဒေသကဒေသခံအများအတွက်သာဖြစ်ပါ တယ်။ စိတ်ဓာတ်မရှိ၊ညီညွတ်မှုမရှိသူများ၊ခံယူချက်မရှိသူများ၊သူတပါးအပေါ်မနာလိုမရှုစိမ့်သူများ၊အနိုင့်အထက်လုစားသူများ […]