ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး ချောင်းရေကြီးလျှက်ရှိပါသည်။ ယခုအခါ ရေမှာ သိသိသာသာတိုးလာခြင်းမရှိသော်လည်း ပြန်လည်ကျသွားခြင်းလည်းမရှိပါ။ သံတွဲမြို့ရှိ အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်(ရတနာလမ်း) ၊ ညောင်ပင်ဈေးကျေးရွာ၊ ဓါးသွေးကျောက်ကျေးရွာ၊ သမုတ်ချောင်းကျေးရွာတို့တွင်ရေနစ်မြုပ်လျှက်ရှိပါသည်၊ အမှတ် ၁ ရပ်ကွက် (ဇီးကျွန်းကွက်သစ်) ဘက်တွင် ရေကြီးမှုမှာ ပိုမိုမြင့်မားနေပြီး ၅ ပေကျော်ခန့်ထိ ရေနစ်မြုပ်နေပါသည်။ လက်ရှိအချိန်တွင် မိုးမှာလည်း သည်းထန်စွာရွာလျှက်ရှိပါသည်။ ညောင်ပင်ဈေး၊ ဓါးသွေးကျောက်၊ သမုဒ်ချောင်းကျေးရွာများအတွက် ညောင်ပင်ဈေး ဓမ္မာရုံကြီးတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်လျက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ သန္ဓေမီးသတ်တပ်ဖွဲ့တို့မှ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။