ကျွန်တော်တို့သံတွဲမြို့အကြောင်းလေး နည်းနည်းပြောပြချင်ပါတယ် ။ သဂျီးနဲ့တကွ သံတွဲကိုမရောက်ဖူးသေးတဲ့ရွာသူရွာသားတွေ သိရအောင်ပါ ။ သံတွဲမြို့ဆိုတာ တစ်ချိန်တုန်းက ရခိုင်ရာဇဝင်မှာပါရှိတဲ့ ။ “အာကာတိမ်ယံမိုးသို့ပျံ ၊ သံနှင့်ချိတ်ကာတွဲ´´လို့အအဆိုရှိတဲ့ ဒါွရာဝတီမြို့ပါပဲ ။ ဝါသုဒေဝ ၊ ဗလဒေဝ ညီနောင်တစ်ကျိပ်ကစလို့ အဓွန့်ရှည်တည်တံ့ခဲ့တဲ့မြို့ ။ သာသနာတော်မှာ သံဃာတော်ကို ရွှေကျောင်းကြီးဆောင်လုပ်ပြီးလှူဓါန်းခဲ့တဲ့မြို့ ။ အရိမေတ္တယျ မြတ်စွာဘုရားကိုရည်မှန်းပြီး ရွှေစင်ရွှေသား ရုပ်ပွါးတော်ကြီး တည်ထားခဲ့ဖူးတဲ့မြို့ ။ အသျှင်ကဝိသာရထွက်ပေါ်ခဲ့တဲ့မြို့ ။ ပါမောက္ခဦးကျော်ရင်ထွက်ပေါ်ခဲ့တဲ့မြို့ ။ မောင်ဘဦးကိုမွေးဖွါးပေးခဲ့တဲ့မြို့ ။ ရှင်အာဒိစ္စရံသီ (ဆန်းလွှင်) ထွက်ပေါ်ခဲ့တဲ့မြို့ ။ ငပလီကမ်းခြေအလှနဲ့ ကမ္ဘာမှာကျော်ကြားခဲ့တဲ့မြို့ ။ ပညာရေးထွန်းကားတဲ့မြို့ ။အားကစားထူးချွန်တဲ့မြို့ ။ ဒီလိုဝိသေသတွေနဲ့ထင်ရှားတဲ့မြို့ကလေးပါ ။ကျွန်တော်တို့သံတွဲမြို့လေးက နယ်မြေဧရိယာကျဉ်းပါတယ် ။ အရေးကိစ္စတစ်ခုပေါ်တာနဲ့ တစ်မြို့လုံးချက်ချင်းသိကြရပါတယ် ။ […]