မောင်ရှမ်းတို့လဲကိုရီးယားကားရိုက်တတ်ပါတယ်ဗျာ.. ကိုဖတ်ကတ်တို့ဦးဘလက်တို့မှမဟုတ်ပါဘူး…… ဒီချောင်းကိုသွားတာပုံတစ်ရာကျော်တွယ်လာတာ…ဒီလောက်တော့ဆွဲဆန့်ထားရမှာပေါ့နော့်လေ… ဟုတ်ဝူးလားရွာသားတို့ရေ…. ဂယ်တော့ဘာမှမဟုတ်ဘူး သူကြီးပွိုင့်ကိုနဲနဲချင်းစီခိုးနေတာ…… မရတော့လဲ… Top  Poster ဖြစ်တာပေါ့….. ဟီးဟီး…. သင်ပေးကြပါဦးဒါ့ပုံရိုက်တတ်အောင် မောင်ရှမ်းကို…. အဟိ နာမည်ကလဲပြောင်းလို့ကောင်းမှကောင်းရွာဇရပ်မှာအားမရလို့ရွာထဲ ထိပြောင်းကြည့်နေတာ…. လ.ဝ.ကတော့မရှိလောက်ပါဘူးနော်…. ခဏနေ…မှတ်ပုံတင်အတုလုပ်မှုနဲ့ရုံးတင်နေမှ…. အဟိ….  


သူကြီးမင်းရဲ့ ဂေလာရီဆိုတာကြီးကိုကျေနပ်ဘူး …. ပုံတွေတစ်ပြိုင်ထဲတင်ရင် သေးသေးလေးပဲရတယ် … ဒီနေ့ဓါတ်ပုံရိုက်ဖို့အစောကြီးထပြင်ရတယ် တစ်နေကုန်ထမင်း တစ်နပ်ပဲစားရတယ်….. ရိုက်လာတဲ့ဓါတ်ပုံတွေကို ထိုင်ပြင်ရတယ် ပြီးလို့တင်မယ်လုပ် တော့မီးကပျက်သွားတယ် မီးလာတော့ကော်နက်ရှင်ကကျနေရော အားလုံးလဲအဆင်ပြေလို့ ညဆယ့်နှစ်နာရီ ပုံထတင်တော့ ပုံတွေကသေးသေးလေးပဲရတယ်….. မပြင်ရတဲ့ပုံတွေကိုတင်တော့လည်း တစ်ပုံကပျက်ပြီး ကျန်ပုံတွေကသေးနေတယ်…. ၃၁.၃.၂၀၁၂ ညဆယ့်တစ်ခွဲမှာတစ်ပို့စ်တင်တယ် ၁.၃.၂၀၁၂ မနက် ဆယ့်နှစ်နာရီဆယ့်ငါးမှာတစ်ပို့စ်တင်တယ် ခုလည်းတစ်ခါတင်တစ်ပုံတင်တော့အကြီးကြီးပေါ်မယ်ထင်တာပဲ သူကြီးထုတ်ထားတဲ့စည်းမျဉ်းတွေထဲမှာ တစ်ရက်ထဲပို့စ်နှစ်ခုထက်ပိုမတင်ရဆိုလို့ ပိုမတင်ပါဘူးနော်သူကြီး ဒီနေ့က မနက်သုံးနာရီထိုးနေပြီ ၁.၃.၂၀၁၂နေ့မှာ သူကြီးပြောတဲ့အထဲမှာ နှစ်ဆယ့်လေးနာရီအတွင်းပို့စ်နှစ်ခုထက်ပိုမတင်ရမပါဘူးနော် တစ်ရက်အတွင်းလို့ပဲပါတယ်……… (ဂီဂီရေ….. လက်တစ်လုံးခြားတော့စလုပ်ပြီနော်…..) ရွာသားအပေါင်း မနက်ရွေးကောက်ပွဲအတွက်စိတ်လှုပ်ရှားပြီး ရင်ပူနေမှာစိုးလို့ ကျွန်တော်ရှမ်းပြည်သား မျက်စိအေးရင်ရင်ပူသက်သာအောင်လုပ်ပေးဖို့ ပုံလေးတွေတင်ပေးချင်ပေမယ့် သူကြီးဆာဖာကဖုန်တင်နေလေတော့(သူကြီးနှစ်လုံးပြူး နဲ့ချိန်နေပြီ….)ပုံတွေသေးကုန်တယ် စိတ်အေးစရာလေးတွေကောင်းကောင်းမမြင်ရတော့ဘူး သူကြီးကောရွာသားတွေကော ပို့စ်တစ်ခုထဲကို နှစ်ခါတင်ပေးလိုက်ရလို့ ရှမ်းပြည်သားတို့ တောင်းပန်ပါတယ်နော်….. ဝေဖန်အားပေးကြပါဦး သူကြီးမင်းတရား ဖျက်ချင်ရင်သေးသေးလေးတွေကိုဖြတ်နော်…….. […]