alinsettApril 20, 20154min54328
ဗလငါးတန်ကို တစ်တန်ချင်းစီ စစ်ဆေးတိုင်းထွာတတ်သော အကြီးအကဲများနှင့် ကိုယ်ကြုံနေရသည်။ ပထမ ဗလတစ်တန်ကို စစ်ဆေးသူက ကိုယ့်ကို မေးသည်။ ”ဟေ့ မောင်ရင် မင့်ဆီမှာ စာရိတ္တဗလ ရှိသလား ” ကိုယ့်ထံမှ အဖြေက. . . ‘သုည’ —— ဒုတိယဗလ နောက်တစ်တန်စစ်ဆေးသူက. . . ”ဟေ့ သူငယ်. .  မင်းဆီမှာ ဘောဂဗလ ရှိလားကွဲ့” ကိုယ့်ထံမှ အဖြေကတော့ . . . ‘သုည” ——- တတိယဗလ တစ်တန်ကို တစ်ယောက်က စစ်ဆေးပြန်သည်။ ”ဟေ့. . . မင့်မှာ မိတ္တဗလ ရှိသလား” ကိုယ့်အဖြေကတော့ ထုံးစံအတိုင်း… ”သုည” ——— ထို့နောက် . […]