ကရင်ပြည်နယ်မှာ ၁၃ မိုင်လို့လဲ ခေါ်ကြ သံတောင်လို့လဲခေါ်ကြတဲ့ နေရာလေး တစ်ခုရှိပါတယ် မြို့ကိုဖြတ်စီးနေတဲ့ ချောင်းလေး မှာ ရေးချိုးရတာ ပျှော်စရာ ဆိုတဲ့ သတင်းကြောင့် ရောက်ဖူးချင်နေတာ ကြာခဲ့ပါပြီ ၊ အခု မှ တကယ်သွားနိုင်ခဲ့ပါတယ် …   ခရီးစဉ် အစက တောင်ငူမှာ တစ်ညအိပ်ပါတယ် အရမ်းပူနေတဲ့ ကာလ မိုးလေးတွေ ဖျောက်ဖျောက် ရွာတာတောင် အပူဓါတ်က ကျန်နေတုန်းပါ …၊ တောင်ငူကနေ ၁၃ မိုင်ကို ရေသွားချိုးကြမယ်ဆိုတော့ မရောက်ဖူးတဲ့ နေရာသစ်တစ်ခုကို သွားရမှာမို့ အားလုံးပျော်သွားကြပါတယ် ၊ တောင်ငူကနေ ၁၃ မိုင် ထိကို သွားရတဲ့ လမ်းက ကားနှစ်စီး ရှောင်ရခက်လို့ နဲနဲကျဉ်းတာကလွဲရင် နယ်တွေမှာ တွေ့ရခဲတဲ့ တော်တော်ကောင်းတဲ့ […]