annonymousOctober 6, 20111min30730
နိုင်ငံ၏စီးပွားရေးကိ ုတိုးတက်အောင် အစိုးရမှအထူးစီမံဆောင်ရွက်နေသော ကာလတွင် သွင်းကုန်/ပို့ကုန်လိုင်စင်လျှောက်ထားရာတွင် အဆင်မပြေမှုများစွာတွေ့ ကြုံနေရပါသည် ဟု သွင်းကုန်/ပို့ကုန် လိုင်စင်လျှောက်ထားသူတစ်ချို့ထံမှ သတင်းရရှိပါသည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ ဒုဥက္ကဌ ဒေါက်တာအောင်ဝင်း ဆိုသူသည် လိုင်စင် လျှောက်ထားရာတွင် အရေးပါသူတစ်ဦး   ဖြစ်သည်ဟု ကြားသိရပါသည်။ ဒေါက်တာဦးအောင်ဝင်း ကိုယ်တိုင်ပင် မေပလ်ထရေးဒင်း ကုမ္ပဏီ တည်ထောင်၍ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည် ဟု သိရပါသည်။ အထည်ချုပ် ဒုဥက္ကဌ လုပ်၍ နိုင်ငံ ဥပဒေကို ချိုးဖောက်နေသူမှာ အလွန်တရာမှ ရှက်ဖွယ်ကောင်းလှပါသည်။ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေသူအဖို့ မည်သည့်အမည်ဖြင့် လုပ်ကိုင်ရမည်ကို ပြောနေစရာမလိုအပ်ပါ။ ဒုဥက္ကဌတစ်ဦးဖြစ်၍ ပို၍ပင် သိပါလိမ့်မည်။ ထိုသူသည် ယခုအခါ အချို့သော ကုမ္ပဏီများကို အထောက်အထားမရှိ လိုင်စင်ပိတ်ပင်ခြင်းများ ရှိနေသည် […]