ကုိ ထြဋ္November 25, 20142min33722
–  ဒီတပတ် သွားမယ်၊ ဝါးမယ် ကဏ္ဍလေးကို အချိန်မှီတင်လိုက်ပါတယ်ဗျာ… နောက်ကျနေလို့ ဗိုက်ဆာနေပြီလား… ကဲ…ကဲ … သွားနေပါပြီဗျာ…. – ပထမက နေရာစုံစားတာကို တင်ပေးမို့ပါ… အခုက လောလောလတ်လတ် မနေ့က သွားဝါးခဲ့တာလေးကို ပြောပြချင်လာတာနဲ့ Wonderful လေးပဲ တင်လိုက်ပါတယ်…   ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။   – Wonderful Fast Food & Bakery  တဲ့… – နေရာက သိမ်ကြီးဈေး ဘယ်ရုံလဲတော့ မသိဘူးဗျ… မင်္ဂလာရုပ်ရှင်ရုံ ဝင်ပေါက်နဲ့ မျက်စောင်းထိုးလောက်မှာ… – အကျယ်အဝန်း သဘောကျစရာ… ကျယ်တော့ သူ့ဝိုင်းသူစား၊ ကိုယ့်ဝိုင်းကိုယ်စား … ပြောချင်တာပြော မကြားရဘူး… – မွေးနေ့ပွဲတွေ… ကန်တော်ကြီးမှာလုပ်သွားတဲ့ ဆွေးနွေးပွဲလေးတွေလဲ လုပ်လို့ရပါတယ်… […]


ကုိ ထြဋ္October 15, 20142min25439
ဒီ အစီအစဉ်လေးက ကျွန်တော် တင်သမျှပို့စ်တွေထဲမယ် အဆင်ပြေသလို ရှိတဲ့ ပို့စ်လေးထင်ပါတယ်… ဟီး… အဲလိုလေးလဲ ရှိဦးမှ… တခါတခါ အားကို ရှိချင်ဘူး… ဒီဆိုင်လေးက ရွှေဟင်္သာတ ဆိုင်လေးရဲ့ မျက်စောင်းထိုးမှာဗျ… မိုးရာသီတုန်းက ခပ်ကုပ်ကုပ်လေး ဆိုပေမယ့် မနေ့က သွားစားတော့ ဆိုင်က ကြီးသားဗျ… တကယ်တော့ ရွှေဟင်္သာတ ဆိုင်ကလဲ အရင်က ဒီဆိုင်လို လမ်းဘေးဆိုင်လေးပဲ… နောက်မှ အားပေးတဲ့ ပရိသတ်များလို့ ဆိုင်နဲ့ ကနားနဲ့ ဖြစ်သွားတာ… အစီအစဉ် တခုနဲ့ တခု ခြားသွားတာ ခွင့်လွှတ်ကြပါနော်… တကယ်တော့ တဂျီး စပွန်ဆာ မပေးသေးလို့ စောင့်နေတာ… အခုတော့ ပေးပလားဆိုတော့… နိုးပါ…. မနေနိုင်လို့ ကိုယ်ဘာသာ ဝယ်စား၊ ရိုက်ပြီး ပို့စ်တင်ရတာပါ…. 😛 […]


ကုိ ထြဋ္September 4, 20141min55624
. အရမ်းကောင်းတဲ့နေရာလေးပါ…( သေဖို့ပြောပါတယ်… ) Ice Berry ( မြေနီကုန်း ) . ဒီရက်ပိုင်းတွေမှာ မြေအရောင်းအဝယ်တွေအေးတော့ ခဏနားမယ် ကြံတုန်း ယောက်ဖက ကွန်ပျူတာ ဂိမ်းဆိုင်ဖွင့်ချင်တယ် ကူညီပါဆိုတာနဲ့… ကူညီမိပါတယ်…. . အွန်လိုင်းကနေ ဆိုင်ပြုတ်လေးတွေ ရှာပေးရတယ်… ရလဲရတယ်.. တန်လဲ တန်တယ်… . အရောင်းအဝယ်က မြေနီကုန်းမှာဆိုတော့ ဆုံချက်အနေနဲ့ အဲဒီဆိုင်မှာထိုင်ဖြစ်တာပေါ့ဗျာ… . ဆိုင်လေးက လူငယ်တွေချည်းပဲ… တချို့လူကြီးတွေတောင် စုရပ်ဈေးသက်သာဆိုပြီး လာထိုင်ကြပါတယ်… . အရင်တုန်းကလဲ ထိုင်ဖူးတယ်… စထိုင်ခါစက လူငယ်ဆိုတော့ ကော်ဖီသောက်တာပေါ့…  အဲမှာစတာက ကော်ဖီဂျိုးကို သေချာမဆေးတော့ ခွက်တွေမှာ သောက်တဲ့နှုတ်ခမ်းနေရာတွေက ညိုညစ်ညစ်လေးပေါ့… . ဒါပေမဲ့ ရွေးစရာမရှိတော့ ထိုင်ဖြစ်တယ်… ဒီလိုနဲ့ မသွားတာကြာတော့ […]


ကုိ ထြဋ္August 19, 20141min17211
ဒီတခါတော့ ဈေးနှုန်း ချိုတဲ့ အထဲတော့ မပါဘူး.. သင့်တင့်တယ်… ထိုင်လို့ကောင်းတယ်… အေးဆေးတယ်… နေရာလေးကတော့ မြောက်ဒဂုံထဲမှာ… တိတိကျကျဆိုရင် မန္တလေးလမ်း မှတ်တိုင် နဲ့  ကျောင်းလမ်း မှတ်တိုင်ကြားထဲက   SHAKE  ဆိုတဲ့ ဆိုင်လေးပါပဲ… ပုံမှန်ဆိုရင် SHAKE  က အချိုရည်၊ အအေး၊ ကော်ရည်ခေါက်ဆွဲ၊ လက်ဘက်ထမင်း၊ ရွှေတောင်ခေါက်ဆွဲ အဲဒါတွေ အပြင် ပေါင်မုန့်တို့ ဘာတို့တောင် ရတယ်ဗျ… အဲဒါ ထူးခြားချက်ပဲ… ဖာလူဒါတို့ ရေခဲမုန့်တို့လဲ သက်သာတယ်.. ငါးရာ တထောင်အပြင်ပိုမပေးရဘူး… နေရာကလဲ ထိုင်စရာ ၃ မျိုးလောက်ရှိတယ်… ဆိုင်အပြင်ဘက်မှာဆို အရောင်းအဝယ်လုပ်မလား.. စကားပြောကောင်း အေးဆေးလွတ်လပ်… ညနေဆို မိသားစုတွေနဲ့ဆို ပိုတောင် ကောင်းသေး… လူကြီးတွေက ကော်ရည်ခေါက်ဆွဲစား၊ လက်ဘက်ထမင်းစား၊ ကြာဆံချက်စား၊ […]


ကုိ ထြဋ္July 14, 20142min18212
ကဏန်း မဆလာ ၃၀၀ဝ ကျပ်… ယိုးဒယား သဘောင်္သီးထောင်း  ၅၀ဝ ကျပ်… ဒါက ဖရီးကစ် ဟင်းချို … ကျွန်တော်တို့ ၂ ယောက်သွားစားရင် ဒီတိုင်း အရိုးပိုများတယ်.. အခုကတော့ ၃ ခွက်ခွဲပေးထားလို့… 🙂 ငါးနီတူသုပ်  ၅၀ဝ ကျပ်… ငါးသံပုရာပေါင်း  ၄၀၀ဝ ကျပ်… ဒါဈေးအကြီးဆုံးပဲ… ပင်လယ်စာ တုန်ယမ်း  ၃၅၀ဝ ကျပ်… ကင်းမွန်သုပ်  ၁၅၀ဝ ကျပ်… ငါးခဲပတ် ၄၀၀ဝ ကျပ်… မနေ့က သွားစားတာ အားလုံး ၁ရ ယောက် ကျတာ ၆သောင်းခွဲပဲ ကျတယ်.. ဒါတောင် ပက်ပက်စက်စက် စားတာနော်… ပါဆယ်ပါပါသေး… အအေးဆို အသီးဖျော်ရည်တွေသောက်နဲ့… အဟီး.. ဒါလေးက ပုံကို […]


ကုိ ထြဋ္July 5, 20141min27721
ကဲ.. ကဲ… ဒီတလ သွားမယ်၊ ဝါးမယ်၊ မြိုမယ်၊ ဆို့မယ်… အစီအစဉ်လေးကနေ ပြန်လည်ကြိုဆိုပါတယ်… ဟီး.. တခါမှကို  မလုပ်ဖူးသေးဘဲနဲ့ ကြိုဆိုနေတာ.. နောက်တလဆိုရင်တော့ တကယ်ပြောလို့ရပါပြီ… 🙂 ဒီတလမှာတော့ ကျွန်တော်တို့ သွားစားဖြစ်တဲ့ ဆိုင်လေးကတော့… စမ်းချောင်း ဗဟိုလမ်းနဲ့ ညောင်တုန်းလမ်းထောင့်က ရွှေဟင်္သာတ ဆိုင်လေးပဲ ဖြစ်ပါတယ်… ဒီဆိုင်လေးကိုတော့ ကျွန်တော်ရယ်၊ မဟေသီရယ် သွားရောက်ခဲ့ပါတယ်… အခင်းအကျင်းလေးကတော့ မိုက်ပါတယ်.. အမိုးတွေကို အပြည့်မထုတ်ထားပါဘူး.. စည်ပင်ခွန်ရှောင်ချင်လို့ပါ… မိုးရွာရင်တော့ ထုတ်ပါတယ်.. ဒါပေမဲ့ ရေပေါ်စားသောက်ဆိုင်လေးပေါ့… စည်ပင်ကမရှင်းနိုင်တော့ မြောင်းတွေပိတ်ပြီး ရေမဆင်းနိုင်လို့… ခွိခွိ… Kitchen ကလဲ ၂ နေရာတောင် ရှိပါတယ်.. တနေရာကတော့ အထဲမှာ ဖြစ်ပြီး.. နောက်တနေရာကတော့ လမ်းပေါ်မှာပါ… ဒါမှ အနံ့ […]