ခရီးက ပြန်ရောက်ရောက်ချင်း ရေးချင်နေတာ..ခုမှပဲ တင်ဖြစ်တော့တယ်… ဟိုနေ့က ကျွန်မ ငပလီကအပြန် တောင်ကုတ်မှာ ကားရပ်တော့ ကောက်ညင်းထုပ်ဆင်းဝယ်ဖြစ်တယ်.. အစကတော့ တွေ့တွေ့ချင်း ဈေးသည်ဆီမှာ တစ်တွဲပဲ အရင်ဝယ်လို်က်တယ်။ နောက်လိုက်ကြည့်လိုက်တော့မှ အဘွားတစ်ယောက်ရောင်းနေတာတွေ့လို့ ဘေးက အစ်မကို အဘွားကြီးဆီမှာ သွားဝယ်ရအောင်ဆိုပြီး ခေါ်လိုက်တော့ အစ်မကလည်း မငြင်းဘူး။ (အသက်ကြီးတဲ့သူတွေတွေ့ရင် အရမ်းသနားတတ်လို့ တတ်နိုင်သမျှ သူတို့ကိုပဲ ဦးစားပေးဖြစ်တယ်။) ဈေးမေးလိုက်တော့ တစ်ခြားဈေးသည်တွေလိုပါပဲ တစ်တွဲကို ငါးရာတဲ့။ နည်းနည်းလျှော့ပါဦးလားဆိုတော့ ၅ တွဲကို ၂၀၀ဝ နဲ့ယူတဲ့။ (အကုန်လုံး အဲဒီလိုပဲ ရောင်းကြတယ်။) သူက နားသိပ်မကောင်းဘူးထင်တယ်။ ဘေးက တစ်ခြားအဒေါ်ကြီးတွေက ကျယ်ကျယ်လေးပြောပေးရတယ်။ ကျွန်မ ပိုတောင် သနားသွားသေးတယ်။ ဒါနဲ့ ကျွန်မလည်း ယူမယ်ဆိုပြီး တစ်ဖက်က ကောက်ညင်းထုပ်ကိုကိုင် တစ်ဖက်ကလည်း […]