introApril 18, 20111min1082
မြန်မာတို့ရဲ့ နှစ်သစ်ကူး သင်္ကြန်အချိန်ခါကတော့ဖြင့် လွန်မြောက်ခဲ့လေပြီ… intro တို့ သူငယ်ချင်းတစ်သိုက် ဒီနှစ်ကတော့ ငြိမ်ချက်သား ကောင်းနေသည်… ကောင်းမှာပေါ့၊ လူက စုံမှ မစုံတော့တာကိုး၊ သင်္ကြန်တွင်း ဒုလ္လဘ ရဟန်ခံတဲ့လူက ခံ၊ ခရီးထွက်တဲ့သူကထွက်၊ ကုမ္ပဏီကျေးဇူးနဲ့ ချောင်းသာ သွားတဲ့သူကသွား၊ ထုံးစံအတိုင်းကဲတဲ့သူကကဲနဲ့ သင်္ကြန်တွင်းကာကကို ကျော်ဖြတ်လာခဲ့ကြသည်… intro တစ်ယောက်ကတော့ ဒီနှစ်သင်္ကြန် အရင်တုန်းကလိုတစ်ရက်မှ မလည်ဖြစ်လိုက်၊ ဘုန်းကြီးလဲ မဝတ်၊ ကားလဲ မလည်၊ မဏ္ဍပ်လဲ မထိုင်ဘဲ ဒီနှစ်တော့ ရပ်ကွက်ထဲမှာပဲ အေးအေးဆေးဆေး နေမယ်ဆိုပြီး စိတ်ကူးလိုက်သည်… ဒါကြောင့်လဲ ဒီနှစ်မှ ရပ်ကွက် သင်္ကြန်ကို ခံစားမိလိုက်သည်… အရင်နှစ်တွေက ကားလည်ရင်လည်၊ မလည်ရင် မဏ္ဍပ်ထိုင်နေကျမို့ ရပ်ကွက်သင်္ကြန်ကို အခုမှ ပထမဆုံး ခံစားမိတာကတော့ အမှန်ပင်၊ […]