black chawSeptember 7, 20111min18116
သူငယ်ချင်းတစ်ယောက်ပြောပြသဖြင့် သိခဲ့ရသော ကြက်တောအကြောင်းကို မိကောင်းဖခင် မိန်းကလေးများ သတိထားရှောင်ရှားနိုင်စေဘို့  သတိပေးပါရစေ။ ရှစ်မိုင် ဘက်မှ လှည်းတန်းဘက်သို့ ကားဖြင့်လာပြီဆိုပါစို့။ ကျောင်းကွေ့မှတ်တိုင်မှစ၍ ညာဘက်လမ်းပလက်ဖေါင်းပေါ်သို့ အမှတ်တမဲ့ ကြည့်ကြည့်ပါ။ မိန်းမငယ်တချို့ ကားစောင့်နေဟန်ဖြင့် တစ်ခုခုကို စောင့်မျှော်နေကြသည်ကို တွေ့ကြပါလိမ့်မည်။ တချို့  ကိုယ်ပိုင်ကားလေးများ ရပ်သွားပါက ထိုမိန်းမငယ်များ အုပ်စုလိုက် ကားဘေးသို့ အပြေးသွားကြပါလိမ့်မည်။ စကားနည်းနည်းပြောကြပြီး တချို့ ကားပေါ်ပါသွားပါလိမ့်မည်။ ၎င်းတို့မှာ သွေးသားရောင်းစားသော မိန်းမများဖြစ်ပါသည်။ တစ်ခါတစ်ရံ မိန်းမကောင်းလေးများ ကားစောင့်နေသည်ကိုပင် မကောင်းသောမိန်းမထင်၍ ခေါ်တော တစ်သိန်းအားဖြင့် ကား ပေါ်မှ ယောင်္ကျားများက ကြည့်သွားကြသည်ဟုဆိုပါသည်။ ဖြစ်နိုင်လျှင် ထိုနေရာကို ကြက်တော မဖြစ်အောင် ထိန်းသိမ်းပေးဘို့ လိုပြီထင်ပါသည်။ တံတားဖြူမှတ်တိုင် နှင့် မှတ်တိုင်အကျော်မှ တံတားလေးပေါ်တွင် အဆိုးဆုံးဖြစ်ပါသည်။ ထို့ကြောင့် […]