alinsettAugust 7, 20122min1755
”ခင်ဗျားဘာပြောတာလဲ။ ဒီကလေးကို လမ်းပေါ်ပြန်လွှင့်ပစ်ရမယ်လို့ ပြောတာလား” ”ကျွန်တော်ဒီလိုမပြောဘူး” ”သူက အဓမ္မကျင့်ခံထားရတာဗျ” ဟုကျွန်တော်ပြောလိုက်သည်။ ”ကြားရတာစိတ်မကောင်းပါဘူး” ဟုအင်ဒရူးက ပါးစပ်ဖျားလေးတင် ပြောသည်။ ကျွန်တော့်ကိုကြည့်သောအကြည့်သည် ရာသီဥတုအကြောင်းပြောသ လောက်သာရှိသည်။ ”ဒါပေမယ့် ဒီအဖြစ်တစ်ခုနဲ့ INS ကဒီကလေးကို ဗီဇာချပေးမှာမဟုတ်ဘူး” …………………………………… _________________- ”ခင်ဗျားဘာပြောတာလဲဗျ” ”ကျွန်တော်ပြောတာက ခင်ဗျားကူညီချင်ရင် အဖွဲ့အစည်းတစ်ခုခုကို ငွေလှူပါ။ ဒုက္ခသည်စခန်းမှာ အပျော်တမ်းအမှုထမ်းပါ။ အမေရိကန်နိုင်ငံသား တစ်ယောက်က အာဖဂန်နစ္စတန်ကလေးကို မွေးစားချင်တဲ့ကိစ္စကိုတော့ … ကျွန် တော်တို့ အားမပေးပါဘူး” ကျွန်တော်နေရာမှထသည်။ ”စိုးရက်ပ်လာခဲ့” ဟု ဖာစီဘာသာဖြင့် ခေါ်ရာ စိုးရက်ပ်သည်နေရာမှထပြီး ကျွန်တော့်တင်ပါးကို သူ့ခေါင်းမှီထားသည်။ ”ကျွန်တော်တစ်ခုလောက် မေးလို့ရမလား မစ္စတာအင်ဒရူး” ”မေးပါ” ”ခင်ဗျားမှာ သားသမီးရှိလား” ပထမဆုံးအကြိမ်အဖြစ် သူမျက်တောင်ပုတ်သည်။ ”ရှိသလား။ ဒီမေးခွန်းဟာ […]