moonpoemMarch 22, 20111min21716
မျက်နှာမြင်ချစ်ခင်ပါစေအသံကြားသနားပါစေတဲ့ကြားဖူးကြမှာပါ။ဘယ်သူပဲဖြစ်ဖြစ် အမြဲလိုလိုဆူနေအော်နေတတ်တဲ့လူမျိုးကိုမုန်းတတ်ကြပြီး အပြုံးချိုချိုလေးနဲ့စကားပြောသူကိုသာ ချစ်တတ်ကြတာကိုး။အဲလိုအရေးကြီးတဲ့အပြုံးနဲ့ပတ်သတ်ပြီးသိထားတာလေးတွေကိုပြောပြချင်ပါတယ်။ (အပြုံးဆိုတာလမ်းထိပ်ကရေခဲရေသည်ကိုပြောတာမဟုတ်ဘူးနော်)။   အပြည့်အဝအပြုံး မိတ်ဟောင်းဆွေဟောင်းတွေ မထင်မှတ်ဘဲတွေ့ကြတဲ့အခါသူကကိုယ့်ကိုမမြင်သေးသော်လည်း ကိုယ်ကသူ့ကိုတွေ့လိုက်ရတဲ့အတွက်အားရပါးရပြုံးမိသွားတဲ့အခါအပြည့်အဝအပြုံးပါ။   ဟတ်ကော့အပြုံး သူငယ်ချင်းတစ်ယောက်ကိုကိုယ်ကစတွေ့တဲ့အခါဝမ်းသာစွာနဲ့ပဲပြုံးပြလိုက်ပေမယ့် ဟိုတစ်ယောက်ကကိုယ့်ကိုမမြင်ဘဲထွက်သွားတော့အပြုံးကတစ်ခြမ်းကြီးပေါ့နော်။အဲဒီ အပြုံးတစ်ခြမ်းကိုဟတ်ကော့အပြုံးလို့ခေါ်ပါတယ်။   အခိုးအငွေ့အပြုံး ကိုယ့်ဘက်ကတစ်ဖတ်သတ်ချစ်နေရတဲ့မိန်းကလေးသို့မဟုတ်ယောက်ျားလေးတစ်ယောက်ကို တွေ့ရတဲ့အခါပေါ်တင်လည်းမကြည့်ရဲ ရင်ထဲမှာလည်းပျော်နေတဲ့အတွက်ကြောင့်တခြားလူတွေ မရိပ်မိအောင်ကြိတ်ပြီးပြုံးလိုက်တဲ့အပြုံးကိုတော့အခိုးအငွေ့အပြုံးလို့ခေါ်ပါတယ်။   ရှက်ပြုံး ချစ်သူဖြစ်ခါစမှာသူငယ်ချင်တွေကသိတော့ဝိုင်းစတဲ့အချိန်ဖြစ်ပေါ်လာတဲ့အပြုံးလေးကရှက်ပြုံးလေး ပေါ့နော်။   ဒေါသပြုံး မြန်မာဗွီဒီယိုဇာတ်ကားထဲတွေမှာကြည့်ဖူးကြမှာပါ။ ဟင်းဟင်းဟင်းတစ်နေ့တော့မင်းငါ့အကြောင်း သိစေရမယ်ဆိုပြီးဒေါသတွေနဲ့ပြုံးတာလေ။အဲဒါဒေါသအပြုံးပေါ့။   မသာမယာအပြုံး အိမ်သာတက်ခါနီးအချိန်ဧည့်သည်လာလို့သို့မဟုတ်ဖုန်းလာလို့စကားပြောရတဲ့အခါအားတင်းပြီး ပြုံးလိုက်ရယ်လိုက်နဲ့စကားပြောနေရပေမယ့်အဲဒီအချိန်ကအပြုံးကအောင့်အီးပြီးပြုံးရတဲ့အတွက်ကြောင့် အဲဒီအပြုံးကိုမသာမယာအပြုံးလို့ခေါ်ပါတယ်။       ဝရုန်းသုန်းကားအပြုံး ဥပမာအနေနဲ့တို့အိမ်ကတော့နေ့တိုင်းဆီဒိုးနားမှာပဲဒင်နာစားတာ ဟိုနားဒီနားလောက်ကတော့လန်ခရူဇာနဲ့ ပေါ့အေလိုအကြွားသန်နေတုန်းအကြွေးရှင်ရောက်လာပြီးဟဲ့နင်ထမီပေါင်ထားတာလာရွေးဦးဆိုတော့ ခုနကနားထောင်နေတဲ့သူတွေကိုဝရုန်းသုန်းကားလေးပြုံးပြပြီးပြေးရတာမျိုး။   ကဲဒါကတော့ရှာဖွေတွေ့ရှိရသလောက်အပြုံးလေးတွေပါ။ထပ်ပြီးတွေ့ရှိတဲ့အခါဆက်လက်ဖော်ပြပါဦးမယ်။ သူငယ်ချင်းတွေရောဘယ်လိုအပြုံးလေးတွေပြုံးပြီးကြပြီလဲ။