black chawJune 13, 20141min28837
မင်္ဂလာဆောင်ရအောင် အချစ်ရယ်…အထိအတွေ့ကို အားမရနိုင်တော့ပြီ…။ အဲဒါ ကိုင်ဇာ နဲ့ မေဆွိ ဖလန်းဖလန်း ထစဉ်အခါက အနမ်းပန်းစီးရီးထဲ…ပါခဲ့တဲ့ သီချင်းပေါ့…။ ကိုင်ဇာတို့က ခပ်ရှင်းရှင်းပဲ…။ ဝင်္ကဝုတ္တိတွေ သိတ်မသုံးတတ်ဘူး…။ ဝေ့ဝိုက်မနေဘူး…။ ဒဲ့ပဲ…။ အထိအတွေ့ကို အားမရနိုင်တော့လို့ မင်္ဂလာဆောင်ရအောင် ဆိုပြီး ချစ်သူကို ရွှေနားတော်သွင်း သီချင်းတစ်ပုဒ်ရေးထုတ်ခဲ့လေသတဲ့…။ အဲဒီ အထိအတွေ့ ဆိုတာ ဘာကြီးလဲဗျ…။ သက်ကြီးဝါကြီးရွာသားကြီးတွေ ဖြစ်တဲ့ ကိုပါ တို့ ကိုမိုက် တို့ ကိုနေကြီး တို့ ကိုဆာမိ တို့ လင်းကြစမ်းပါဦး…။ ဘလက်ကြီးကတော့ အသက်က ၃ ဒါဇင် ကျော်ကျော်လေးပဲ ရှိသေးတော့ အထိအတွေ့ဆိုတာကြီးနဲ့ သိတ် မရင်းနှီးသေးဘူးပေါ့…။ ဟေးဟေး…။ အခုတလော မင်းသမီးလေးတွေ တစ်ယောက်ပြီးတစ်ယောက်မင်္ဂလာဆောင်နေကြတာ… ကိုင်ဇာကြီးသီချင်းလိုဆို အထိအတွေ့ကို အားမရနိုင်တော့လို့ […]