koyin sithuSeptember 26, 20121min37921
ကျွန်တော်တို့ ကိုရီးယား Costal သဘောင်္လိုက်တုန်းကပေါ့။ သဘောင်္တစ်စီးမှာ မြန်မာ တစ်ယောက်စ နှစ်ယောက်စရှိပါတယ်။ သုံးယောက်ဆိုတာအလွန်ဆုံးဘဲလေ။ ကျွန်တော်ကတော့ထုံးစံအတိုင်း တစ်ယောက်တည်းဘဲလေ။ ဒီတော့လည်း မြန်မာစကားပြောချင်တာတို့ မြန်မာစာလေးစားချင်တာတို့ ဖြစ်မိတာပေါ့။ ဒါကလည်းမြန်မာပါတဲ့ သဘောင်္ချင်းတွေ့မှ အဆင်ပြေတာမဟုတ်လား ဒီတော့လည်း မြန်မာပါတဲ့ သဘောင်္တွေကိုမျှော်ရတာပေါ့။ ကိုရီးယားက ယိုဆူး ဆိုတဲ့မြို ့ က Tanker ဆိပ်ကမ်းတစ်ခုကိုရောက်ရင်တော့ မြန်မာပါတဲ့ သဘောင်္တွေ အမြဲတွေ့ရတတ်တယ်လေ။ တစ်ခါတစ်လေဆိုရင် တစ်ခြားနိုင်ငံကလာတဲ့ သဘောင်္တွေမှာမြန်မာတွေပါလာရင် မုန့်ဟင်းခါးတို့ ဘာတို့ စားရတတ်တယ်။ အဲဒီဆိပ်ကမ်းရောက်ရင်တော့ ကျွန်တော်မှာ နားချိန်မရှိတော့ဘူး သဘောင်္တွေလိုက်လည် ပြီးရင် စာအုပ်တွေလိုက်လဲနဲ့ အလုပ်ကိုဖြစ်နေတာပါဘဲ။ တစ်နေ့ ကျွန်တော်ဆီကို တစ်ခြားသဘောင်္က ကိုအောင်နိုင်ဆိုတဲ့လူရောက်လာတယ်။ ကျွန်တော်နဲ့လည်း တော်တော်ခင်ပါတယ်။ ညကို သူ့ဆီမှာ ထမင်းလာစားဖို့ လာခေါ်တာပါ။ ဒါနဲ့ […]