MTYApril 12, 20121min18012
သည်ခေတ်ကြီးမှာ ပြိုင်ဆိုင်ရမှုက အတွေ့အကြုံ။ တရုတ်ပြည် ကန်တုန်မှာ ဘဏ်ကိုဝင်တိုက်သောဓါးပြတွေက “အားလုံးမလှုပ်နဲ့၊ ပိုက်ဆံကအစိုးရဟာ၊ အသက်က မင်းတို့ဟာ။ “ ဟု တရားသဘောဆန်ဆန် အော်ဟစ်လိုက်သည်နှင့် တပြိုင်နက်၊ ဘဏ်ဝန်ထမ်း အားလုံး ငြိမ်သက်စွာ ဝမ်းလျားမှောက်လျက် နေကြကုန်၏။ ထိုအချိန် ဓါးပြက စားပွဲပေါ် ပက်လက်လေးလှန်ကါ လှဲလျောင်းနေရှာသော ဘဏ်စာရေးမလေးကို တချက်လှမ်းကြည့်ရင်း ” အမြင်မတော်ကွာ၊ သိမ်သိမ်မွေ့မွေ့လေး နေစမ်း၊ ဒါဓါးပြတိုက်တာ၊ မုဒိမ်းလာကျင့်တာ မှုတ်ဘူး။ “ အိမ်ပြန်ရောက်ပြီးနောက်၊ M.Sc ဘွဲ့ရဓါးပြပေါက်စလေးက ” ဆရာ… တိုက်ရတဲ့ ပိုက်ဆံတွေ ရေတွက်ရအောင်။ “ မူလတန်းသာအောင်သော ဓါးပြဗိုလ် ပြောလိုက်သည်မှာ “တော်တော်နုံချာတဲ့ကောင်၊ ဒီလောက်များတဲ့ဥစ္စာ ဘယ်အချိန်ထိ ရေတွက်နေရမှာလဲကွာ၊ ဒီညTV သတင်း စောင့်နားထောင်ကြည့်ရင် သိရောပေါ့။ […]