ဦး ဂ်စ္July 26, 20121min43417
၁။ ကျနော် မမနဲ့ နီးရအောင် ဆိုပြီး နတ်ကန္နားပေးဖို့ ပိုက်ဆံ စုနေပါတယ်မမ။ ၂။ အလှည့်ကျရင် မမတို့ လမ်းထိပ်က မီးကင်းမှာ ကျအောင် ဆယ်အိမ်မှုးနဲ့ ရပ်ကွက်လူကြီးကိုလည်း ဖာလူဒါ တစ်ယောက်တစ်ခွက် တိုက်ထားပါတယ်မမ။ ၃။ မမနဲ့နီးဖို့ဆိုပြီး ယတြာချေပေးတဲ့ ဗေဒင်ဆရာကိုတော့ ချောင်းရိုက်ဖို့ ဝါးရင်းတုတ် ကောက်ထားပါတယ် မမ။ ၄။ အနီးစပ်ဆုံး ဆိုလို့ တမြန်နှစ် မိုးတွင်းတုန်းက မမစီးတဲ့ကား ကျနော့်နားက ဖြတ်သွားတုန်း ပုဆိုးကို ဗွက်စင်သွားတာလဲ ရှိပါသေးတယ် မမရယ်။ ၅။ နွေညတွေမှာဆို အသုဘ ယပ်တောင်လို အေးချမ်းမှု ပေးနိုင်တဲ့ မမအပြုံးလေးကို သတိရမိတယ်။ ငယ်ငယ်ကတည်းက ကျောင်းဝမှာရောင်းတဲ့ ပြောင်းဖူးပြုတ် ဝယ်စားတိုင်း မမရဲ့ သွားလေးတွေကို မြင်ယောင်တယ်။ ကျောင်းကားဆရာ […]