Mobile HouseAugust 25, 201114min923
ဟုတ်သားပဲ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒန်းမြို့က ဈေးကြီးကြီး ဟိုတယ်တစ်ခုကို ရောက်ခိုက် ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေ ဂိုပါးလ်တို့ဟာ ဂျာဗာရိုးရာ ဂီတကို သာယာနာပျော်ဖွယ် တီးမှုတ်နေတဲ့ တီးဝိုင်းတစ်ခုရဲ့ ဖျော်ဖြေမှုကို ခံစားနေခဲ့ကြသည်။ တီးဝိုင်းအဖွဲ့သားတစ်ယောက် ပလွေမှုတ်နေတာကြည့်ပြီးတော့ ဂိုပါးလ်က “သူက ပလွေအပေါက်တွေကို ဘာလို့ လက်နဲ့ ပိတ်ပိတ်ထားရတာလဲ ” လို့ မေးလိုက်တယ်။ ကျွန်တော်က ” လေမထွက်အောင်လို့ပေါ့ကွာ ” လို့ ဖြေလိုက်တယ်။ အဲဒီမှာ သူပြန်မေးလိုက်တာက ” ဒါဖြင့်ရင် ဒီအပေါက်တွေကို အစက ဘာလို့ ဖောက်ထားရတာတုံး ” တဲ့။   သူ့အဖြေ ဦးလေး။ ငါ့တူ မိဘတွေရဲ့ အရိပ်နဲ့ ချစ်သူအရိပ် ဘယ်ဟာက ပိုလုံခြုံမှုရှိသလဲ။ တူ။ မိဘရဲ့ အရိပ်ပေါ့ဗျာ။ […]


Yin Nyine NwayMay 25, 20111min530
(နှစ်ဦးသဘောတူ) မောင်ရိုးဆိုသူ လူငယ်တစ်ဦးအားမိဘများက အိမ်ထောင်ပြုရန်ပြောသည်။ မိဘများသဘောတူနေသောမိန်းခလေး အရုပ်ဆိုးသောလည်း အလွန်ချမ်းသာသည်။ မောင်ရိုးကြိုက်နေသောမိန်းခလေးမှာ ဆင်းရဲသော်လည်းချောလှ၏။ ကဲ…မောင်ရိုး မင်းကြိုက်နေသောမိန်းခလေးးကိုယူမလား။ ငါတို့ပေးစားမဲ့မိန်းခလေးကိုယူမလား။ မောင်ရိုး သေချာစဉ်းစားပြီးမှ မိဘများကိုပြောလိုက်သည်…. အမေတို့သဘောတူတဲ့မိန်းခလေးအိမ်မှာထမင်းစားသောက်ပြီး ……..သားကြိုက်တဲ့မိန်းခလေးအိမ်မှာအိပ်မယ်ဗျာ နော်…. (ခိုင်းနည်းသစ်) ယောကျင်္ားဖြစ်သူသည် ဘာခိုင်းခိုင်းအလွန် အပျင်းထူသည်။ မိန်းမဖြစ်သူသည်အားလပ်ချိန်တွင်ယောကျာင်္းကိုခြံထဲဆင်းပြီး သစ်ပင်စိုက်စေချင်သည်။ သို့သော် တော်တော်နဲ့ခို်င်းလို့ရမည်မဟုတ်။တစ်နေ့တွင် အကြံရကာမိန်းမဖြစ်သူက…… `ရှင်ခြံထဲဆင်းပြီးဘာမှမလုပ်တော့ဘူးလား၊ဪအင်းလေ မလုပ်နိုင်ရင်လဲနေပါစေ။ အသက်လည်းရလာပြီဆိုတော့ အဘိုးကြီးလည်းဖြစ်တော့မှာဘဲလေ´ မကြာမီ သူ၏ယောကျင်္ားထပြီးခြံထဲဆင်း အလုပ်လုပ်လေသည်။ (လက်ထပ်လျင်) အမျိုးသမီးနှစ်ယောက် တစ်နေ့လက်ထပ်ရင် ဘယ်လိုယောကျင်္ားမျိုးကိုရှာပြီး လက်ထပ်ရမည့် အကြောင်းပြောနေကြသည်။ ပထမမိန်းမ။ ။ငါယူတဲ့ယောကျင်္ားကချမ်းသာတဲ့သူဖြစ်ရမယ်။သဘောကောင်းတဲ့သူဖြစ်ရမယ်။ရုပ်ချောတဲ့သူဖြစ်ရမယ်။ ဒုတိယမိန်းမ။ ။အို……….ဒါဆို နင်ကယောကျင်္ား ၃ ယောက်တောင်ယူမှာလား (ကြိုက်နေလို့ပါ) ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ” တရားခံကို တရားသူကြီးကမေးသည်..။ “သူ့ကို […]


Yin Nyine NwayFebruary 11, 20111min1002
တစ်ခါက ကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်… နိုင်ငံခြားသားတွေနဲ့ပဲ…. ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့….. ကလောရောက်တော့ နှစ်ညအိပ်တယ်… နောက်တစ်နေ့မနက်စထွက်မယ်ဆိုတော့ မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… သွားတဲ့အချိန်ကလဲ ဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ… ဒါပေမယ့်ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီး ဒေါသတွေထွက်နေပြီ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ.. ကားကတစ်လမ်းလုံးကောင်းနေပြီးတော ့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိ နဲ့ပေါ့… ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေ မီးတုတ်တစ်ခုတောင်းလိုက်တယ်…. နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင် အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heat တိုက်တယ်လို့လဲခေါ်တယ်လေ… အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံး ပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေဝုန်းကနဲ ကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကို မီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး […]


Yin Nyine NwayJanuary 31, 20111min651
ဒါဆို မှားနေပြီ “ငါးဟင်းစားရင် ဦးနှောက်ကောင်းတယ်ဆိုပဲကွ” “အေးလေ ဒါကြောင့် ငါနေ့တိုင်း ငါးဟင်းစားနေတာ” “ဟင်း-ဒါဆို ဒီသီအိုရီ မှားနေပြီ” သူ နှုတ်မှာမဟုတ်လို့ “ကျွန်တော်တို့ အလျင်လိုနေလို့ မေ့ဆေး၊ထုံဆေး မပေးဘဲ သွားနှုတ်ပေးပါဆရာ” “ခင်ဗျား အတော်ကို သတ္တိကောင်းတာပဲ။ ကဲဘယ်သွားလဲ ပြောစမ်း” “မိန်းမရေ မင်းကိုက်နေတဲ့သွားကို ပြလိုက်စမ်းပါကွာ” အချက်ပြကိရိယာ “ခင်ဗျားရဲ့ကားမှာ မိုင်နှုန်းပြမီတာ မရှိပါလား” “မလိုလို့ ဖြုတ်ရောင်းပစ်လိုက်ပြီ” “ဟင် ဒါဆို ကားရဲ့ အမြန်နှုန်းကို ဘယ်လိုသိတော့မလဲ” “သိပါတယ်၊ တစ်နာရီ မိုင်နှစ်ဆယ်နှုန်း မောင်းနေရင် ရှေ့စက်ဖုံးက အသံမြည်တယ်။ မိုင်သုံးဆယ်နှုန်းဆိုရင် တံခါးကမြည်တယ်။လေးဆယ်နှုန်းရောက်ရင် ကိုယ်ထည်က မြည်လာတယ်လေ” ဖြည်းဖြည်းတော့ ရောက်လာပါလိမ့်မယ် “ဒေါက်တာ အခုနှုတ်နေတာ ကိုက်တဲ့သွား မဟုတ်ဘူးဗျ” “သိပါတယ်၊ နောက်နှစ်ချောင်း […]


Yin Nyine NwayJanuary 29, 20111min26320
လူတစ်ယောက်ဟာ ဆိုင်ကယ်စီးရင် လေတိုးသက်သာအောင်ဆိုပြီး အနွေးထည်ကို နောက်ပြန်ဝတ်တတ်သတဲ့။ တစ်နေ့တော့ အရက်မူးပြီး သူဆိုင်ကယ်မှောက်တယ်။ ဆိုင်ကယ်မှောက်တဲ့နေရာကို ရဲတွေရောက်လာတယ်။ ပထမရဲ ။။။။။ ဟာ…တော်တော်ဖြစ်သွားတာပဲ။ ဒုတိယရဲ ။။။။။ ဟုတ်တယ်။ ကြည့်စမ်း.. ခေါင်းတောင် နောက်ပြန်လည်သွားပြီ။ ပထမရဲ ။။။။။။ အသက်ရှုနေသေးတယ်။ ခေါင်းကို တည့်ပေးလိုက်ကြရအောင် ဒုတိယရဲ ။။။။။ လာ.. ၁..၂.. ၃…အင်း.. ခေါင်းတည့်သွားပြီ။ ပထမရဲ ။။။။။ အင်း.. အခုမှ အသက်မရှုတော့ဘူး (၂) တစ်နေ့မှာ ခရီးသွားတစ်ယောက် ခရီးသွားရင်း လမ်းမှားခဲ့တယ်။ ခရီးသွားက လမ်းဘေးမှာ ဆော့ကစားနေတဲ့ ကလေးတစ်ယောက်ရဲ့ ခေါင်းကိုကိုင်ပြီး လမ်းမေးတယ်။ “ဟေ့.. ချာတိတ် ဒီနေရာကို ဘယ်လိုခေါ်လဲ?” “ဒါ ကျွန်တော့်ခေါင်းလေဗျာ” (၃) “လကမာ္ဘဆိုတာ အကြီးကြီးပဲ။ […]


Yin Nyine NwaySeptember 9, 20101min790
ယောကျာင်္းများရဲ ့  ဖြစ်ပုံ တစ်နေ့သွားဆရာဝန် တစ်ဦးထံဖုန်းလာသည်။ ………………………… ဆရာ……ဆရာဆီမှာသွားနှတ်ရင်ဘယ်လေက်ကုန်မလဲ ဆရာဝန်………………..အကောင်းဆုံးနှုတ်မယ်ဆိုရင်ဒေါ်လာ ၅ဝ ပါ ဖုန်းဆက်သူ……………ဒီထက်နည်းတာရှိသေးလား ဆရာဝန်………………..အင်းဒီထက်ဈေးနည်းတာဆို ထုံဆေးမထိုးဘူး နည်းနည်းတော့နာမယ် ဒေါ်လာ ၄ဝ ကျမယ် …………………………..ဒီထက်နည်းတာရှိသေးလား ဆရာဝန်………………..ဒီထက်နည်းတာဆို လက်ထောက်ဆရာဝန်နဲ့နှုတ်ရမယ် စိတ်တော့ချရပါတယ်ဒေါ်လာ ၃ဝံ နဲ ့ရမယ် ဒီထက်နည်းတာရှိသေးလား ဆရာဝန်………………..ဒီထက်နည်းချင်ရင်တော့ ဒရဝမ်နဲ့နှုတ်လိုက်မယ်တော်တော်တော့နာမယ် လက်ရာလည်းမကောင်းဘူး ၂ဝနဲ့ရမယ် ဒီထက်နည်းတာတော့မရှီတော့ဘူးပေါ့ ဆရာဝန်………………..အင်း …………………………. အဲ့ဒါဆို သူနဲ့ပဲ နှုတ်မယ်ဆရာ ခဏနေ ကျွန်တော့မိန်းမကိုလွှတ်လိုက်မယ် ဆရာဝန်……………….အင်……….. ဖြစ်ရမယ်…………………မျက်နှာမသာမယာဖြင့် ကိုချူချာ အိမ်ပြန်ရောက်လာသည်။ ဦးလေးဖြစ်သူက ။ ဘာဖြစ်လာတာလဲ ချူချာ ချူချာ ။ ရေးကူးသင်တန်းက ထုတ်ခံရလို့ဗျ ဦးလေး ။ ဘာဖြစ်လို့လဲကွ ချူချာ ။ ရေကန်ထဲ […]