သူငယ်ချင်းတွေအတွက် အလုပ်များနေတာနဲ့ (၃)ရက်ကျော် အချိန်ကုန်သွားလို့ ကိုယ့်အတွက်လည်း စာမရေးဖြစ်၊ အများအတွက်လည်း ဆောင်းပါးရော၊ အမေးအဖြေရော မရေးဖြစ်သေးပါ။ ဒါနဲ့ သူငယ်ချင်းတစ်ပါးက ဟာသတစ်ခုပြောတာကို ဦးဇင်းအကြံရတာနဲ့ ဦးဇင်းစာဖတ်ပရိတ်သတ်များအတွက် ပညာပေးချင်လို့ ဟာသရော ဦးဇင်းအကြံလေးပါ ချက်ခြင်းရေးသားတင်ပြပေးလိုက်ပါတယ်။ သူငယ်ချင်းပြောတဲ့ ဟာသလေးကတော့ ဒီလိုပါ။ ” ကြက်ဥနှင့်ဘဲဥရောင်းတဲ့ အထမ်းသမားတစ်ယောက်ဟယ လမ်းမပေါ်မှာ ကြက်ဥလား? ဘဲဥလား? ဆိုပြီး အော်ဟစ်ရောင်းသွားနေတယ်တဲ့။ အဲဒါကို အဘိုကြီးတစ်ယောက်ကကြားပြီး အထမ်းသမားကို ” မင့်ကြက်ဥတွေ၊ ဘဲဥတွေရောင်းပြီး ကြက်ဥနှင့်ဘဲဥတောင် မခွဲခြားတတ်ဘူးလားလို့ အပြစ်တင်ကာ ငါပြောပြမယ် သေချာမှတ်ထားလို့ပြောပြီး ရှေးကအထမ်းထဲမှာပါတဲ့ အဝါရောင်သမ်းနေတဲ့ဟာက ကြက်ဥ၊ နောက်အထမ်းမှာပါတဲ့ အဖြူရောင်နဲ့ကဟာက ဘဲဥဆိုပြီး ခွဲခြားပြလိုက်ပါသတဲ့”။ ဒီနေရာမှာ ဦးဇင်းလည်း စဉ်းစားမိသွားပါတယ်။ ဘာကို စဉ်းစားမိသလဲဆိုတော့ မိမိတို့ လူသားများဟာ […]