တစ်ရံတစ်ပါး၌ ကျွန်ုပ် မောင်အံစာတုံး သည် နတ်သမီးမျှ လှပချောမောသော ကောင်မလေးတစ်ယောက်အား တော်ကီပွားရန် အလို့ငှာ ကြံရွယ်နေမိလေ၏ … (ဤကား နိဒါန်း ….) +++++++++++++ ကျွန်ုပ်သည် မှောက်၍တစ်ဖုံ၊ လှန်၍ တစ်ခါ၊ လျောက်လျက် တစ်လဲ၊ ဆေးလိပ်ကို ခဲလိုက်ဖြင့် စိတ်ကူးအတွင်း ဇာတ်ကွက်ချနေမိလေ၏ .. “ဟေ့ …” ဟူ၍ စခေါ်ရင် ကောင်းမလား ?????? “ဟိတ် …” ဟူ၍ စခေါ်ရင် ကောင်မလား ?????? ခက်သည်က သူမ၏ အမည်နာမအား ကျွန်ုပ် မသိခြင်းပင် ဖြစ်လေသည် … သို့တစေ နာမည် မသိ၍ ကိစ္စမရှိ။ အဓိကမှာ နှစ်လုံးတည်းသာ ဖြစ်လေ၏ … ဟုတ်၏ … […]