black chawNovember 28, 20121min27119
ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့…။ ရုံးပိတ်ရက် မနက်စောစော အိမ်ရှေ့က ဖြတ်သွားတဲ့ ဂျာနယ်ရောင်းတဲ့ ကလေးဆီက ဂျာနယ် ၃ စောင်ဝယ်…၊ မဒမ်ဘလက် စီစဉ်တဲ့ ကော်ဖီတစ်ခွက်ကို တစိမ့်စိမ့်သောက်…၊ စကိုင်းနက် MNTV ကလာတဲ့ သတင်းလေးတွေ လေ့လာ…။ အော်…ဘဝက ဒီလိုဆိုတော့လည်း မဆိုးလှပါ…ပေါ့…။ ဝယ်ထားလိုက်တဲ့ Every 1 ဆိုတဲ့ ဂျာနယ်အသစ်ထဲက မယ်လိုဒီ အင်တာဗျူးလေး ဖတ်ကြည့်ရင်းပြုံးမိ…။ အောင်မယ် ဗိုက်ကြီးတဲ့ ကိစ္စဆိုရင် သူတို့ ကြီးလို့မရဘူးလေ…။ ကိုယ်တွေပဲ ကြီးလို့ရတာ တဲ့ဗျာ…။ သူတို့ကိုယ်သူတို့ ဗိုက်ကြီးလို့ရတယ်ဆိုတာလေး ကွက်ပြီး ဂုဏ်ယူနေတယ်တဲ့ဗျာ…။ ဖက်တီးကက်ဆိုတဲ့ ယောက်ျားရင့်မကြီးရဲ့ ဗိုက်ကို မမြင်ဖူးသေးလို့ ပြောတာဖြစ်မယ်…။ ကိုရင်ဂီဂီ ဘာများပြောချင်ပါသလဲ…။ အေးလေ… ကိုရင်ဂီဂီတို့ ဆီကလည်း ဗိုက်ကြီးတဲ့အလုပ်ကို ကျွန်တော်တို့ […]


black chawNovember 26, 20121min18619
ကိုဘလက်က အမြဲလိုလို ကိုနိုဇိုးမိ ကို မင်းသမီးတွေပေးလေ့ရှိတယ်။ ကိုနိုဇိုးမိနဲ့ ကိုဘလက်တို့ အဲဒီလိုဖြစ်ရတဲ့အကြောင်း စာတပုဒ်ဖတ်ချင်တယ်ဗျာ။ ဝန်ခံချက်ခေါ်မလား အကြောင်းရင်းခေါ်မလား ဘယ်လိုဘဲခေါ်ခေါ် ရေးစေချင်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်မာဆတ် ၂ ပို့စ်မှာ ကိုသစ်မင်း ရေးသွားတဲ့ ကွန်းမန့်လေးပါ…။ ဟုတ်ပါတယ်…။ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ…။ ဟာသသဘောနဲ့ တစ်ယောက်ယောက်ကိုဆွဲထည့်ပြီး ခုတုံးလုပ်တော့မယ်ဆို အဲဒီလူကြီးရဲ့ မချိုမချဉ်မျက်နှာကြီးပဲ သွားမြင်နေတတ်ပါတယ်…။ မိန်းမပွေမယ့် ရှုပ်မယ့်ရုပ်ခံကလည်း အပြည့်ကိုးဗျ…နော…။ တစ်ခုကောင်းတာက အဲဒီလူကြီးက အနောက်သန်သလို သူ့ကို နောက်ရင်လည်း ပြုံးပြုံးကြီးနဲ့ ခံယူတတ်တာပါဗျား…။ နောက်ကြောင်းကို ပြန်လှန်ရမယ်ဆိုရင် ကိုနိုဇိုးမိကို စတွေ့ဘူးတာ ဆမ်းမားပဲလေ့စ် မှာလုပ်ခဲ့တဲ့ အဘဖေါ ဧည့်ခံပွဲမှာပါ…။ စတွေ့တွေ့ခြင်း ကတည်းက ကိုနိုဇိုးမိရဲ့ ရိုးဂုဏ်ကို သတိထားမိပါတယ်…။ နောက်တစ်ခုက ပိုလိုက်ဖြစ်တာကိုပါ…။ အဘဖေါ […]


black chawNovember 23, 20121min20310
ဘလက်ကြီးတစ်ယောက် လိုင်းကြောင်းပြန်ပြီလို့ အထင်မလွဲကြစေချင်ပါဘူး…။ ဘောလုံးပွဲ ပွဲကြိုရေးတဲ့လူတစ်ယောက် အကြောင်းပြောမလို့ပါဗျာ…။ ပုံမှန်အားဖြင့်တော့ ပွဲကြိုဆိုတာ အနုပညာ တစ်ခု လို့ ပြောရမှာ ခက်ပါတယ်…။ ဒါပေမယ့် ဆရာ Nကြယ်မင်းရဲ့ ပရီးမီးယားလိဂ် ပွဲကြိုတွေကတော့ အနုပညာရသတစ်ခုပါတယ်လို့…ကျွန်တော် အခိုင်အမာ ပြောရဲပါတယ်…။ အဲဒီပုဂ္ဂိုလ် N ကြယ်မင်း ရဲ့ ပွဲကြိုတွေဟာ အရမ်းမှန်တယ်လို့ (လုံးဝ) မဆိုလိုချင်ပါဘူး…။ သို့သော် အရသာတစ်ခုခု ပေးစွမ်းနိုင်တာတော့ အသေအချာပါ…။ ဆိုလိုချင်တာက မှားတယ်ဆိုတဲ့ ပွဲတွေမှာတောင် အနုပညာပါတော့ အရသာရှိနေတတ်တာမျိုးကိုပါ…။ ကျွန်တော်ကတော့ သူ့ပွဲကြိုတွေကို ဘောလုံးပွဲကြည့်ပြီးမှ ပြန်ဖတ်ရင် ပိုအရသာရှိတယ်ဆိုတာလေး အခုတင်ပြချင်တာပါ…။ ပွဲကြိုဆိုတော့လည်း မှန်တဲ့အခါ မှန်ပြီး မှားတဲ့အခါ မှားပေါ့ဗျာ…နော့်…။ ဟုတ်မဟုတ် ဆိုတာ သူပင်တိုင်ရေးနေတဲ့ ALL STAR ဂျာနယ်ထဲက […]


black chawNovember 23, 20121min36641
ဆောင်းတွင်းဖြစ်ပြီး ဆောင်းတွင်းမပီသတဲ့ ဆောင်းရာသီ…။ နွေနေ့လယ်ခင်းတွေလို ပူပျင်းခြောက်သွေ့လွန်းတဲ့ ဆောင်းရာသီ…။ အိုဘယ့်…သောက်မြင်ကတ်စရာကောင်းလိုက်ပါတဲ့ ဆောင်းရာသီ…။ ဒီလိုနဲ့ပဲ…ပူလောင်ခြောက်သွေ့တဲ့ ဒီဇင်ဘာဆောင်းရက်တွေကို ဖြတ်သန်းတိုးဝင်ရဦးတော့မှာပါလား…။ အင်း…ဒါလည်း ပါရာဒိုင်း အပြောင်းအလဲလို့တောင် ပြောလို့ရနေပြီလားမသိ…။ ရောင်စုံအနွေးထည်တွေဝတ်ပြီး ဟန်ရေးပြဖို့ပြင်နေတဲ့ မန်းဂဇက်ရွာသူ မမ အတွက်တော့ ဒီနှစ်ဆောင်းက အမြင်ကတ်ချင်စရာကောင်းလွန်းပါတယ်…။ ဒီကြားထဲ ပို့စ်မော်ဒန်မိုးက နားလည်ရခက်လောက်အောင် တစ်ခါတစ်ခါ ထထရွာနေတတ်သေး…။ ဆောင်းတွင်းရဲ့အေးချမ်းမှုတွေကို အုပ်ထိန်းသူရင်ခွင်နွေးနွေးမှာ ခိုနား ပျော်ပါးဖို့ကြံစည်ထားတဲ့ မန်းဂဇက်ရွာသား ရွှေတိုက်စိုး လေးခင်ဗျာ…ယပ်တောင်တဖျတ်ဖျတ်ခတ်ပြီး အုပ်ထိန်းသူကိုထွေးပွေ့ရတော့မယ့် အပေါက်မျိုးကြီးပေါ့…။ လူလယ်ကြီးလုပ်ပြီး ဆောင်းရာသီကိုမှ ရွေးလို့ မင်္ဂလာဆောင်တာတဲ့လား ရွှေတိုက်ရေ…။ အေးပါကွာ…။ ဘဝဆိုတာ ဒီလိုပါပဲ…။ အေးမယ်ထင်ရပေမယ့် ပူချင်ပူနေတတ်ပါတယ်…။ ပူမယ်ထင်ရတဲ့ နေရာကျတော့ အေးချင်အေးနေတတ်ပြန်ရော…။ ဘယ်လိုပဲဖြစ်ဖြစ် အေးအတူပူအမျှပေါ့…။ ထောင်ချောက်တွေကိုလည်း ကြည့်တတ်မြင်တတ်ဖို့လိုသေးတယ် ညီလေးရေ…။ အကိုတို့တုန်းကလည်း […]


black chawNovember 21, 20121min19818
နှုတ်ထွက်တာတွေ ခေတ်စားနေပါသတဲ့…ကျောင်းဒကာ…။ မကြာခင်ကပဲ အမေရိကန် စီအိုင်အေ ညွှန်ကြားရေးမှူး ဒေးဗစ်ပက်ထရေးယပ်စ် နှုတ်ထွက်သွားတယ်တဲ့…။ ဘလက်ကြီးတို့ မန်းဂဇက်က ရွာသူ ဒေါ်ပုချ်ကတောင် ဒီလူ ဘာကြောင့်ထွက် ဆိုပြီး ပို့စ်တစ်ပုဒ်ရေးတင်ခဲ့ပါရောလား…။ ဟုတ်တယ်လေ…။ ဒီပုဂ္ဂိုလ် နှုတ်ထွက်ခြင်းနဲ့အတူ အိမ်ထောင်ရေးဖေါက်ပြန်ခဲ့တယ်ဆိုတဲ့အပုတ်နံ့ကလည်း တစ်ပြိုင်တည်းလိုလိုထွက်လာခဲ့ပေသကိုး…။ တစ်ပြိုင်နက်မှာပဲ လစ်ဗျားနိုင်ငံက အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ကွန်ဂရက်လွှတ်တော်အမတ်များရဲ့ တံခါးပိတ် စစ်ဆေးမေးမြန်းမှုကိုလည်း ရင်ဆိုင်နေရသေးတယ်တဲ့ဗျာ…။ ဆိုတော့ အိမ်ထောင်ရေးဖေါက်ပြန်လို့ နှုတ်ထွက်တာထက် လစ်ဗျားနိုင်ငံက အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကြောင့် နှုတ်ထွက်တာက ဖြစ်နိုင်ခြေပိုများနေပါတယ် ဒေါ်ပုချ်ရေ…။ အိမ်ထောင်ရေးဆိုလို့ လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ရဲ့ ခင်ပွန်း သမ္မတကြီးကလင်တန်လည်း အိမ်ထောင်ရေးဖေါက်ပြန်ခဲ့သေးတယ်ဆိုတာ လက်ပူးလက်ကြပ်ကြီးဆိုသလို လူမိခဲ့သေးတာ မနေ့တစ်နေ့ကဖြစ်ခဲ့သလို မှတ်မိနေသေးတယ်ဗျာ…။ အော် မော်နီကာလူဝင်းစကီးလေး အခုလောက်ဆို […]


black chawNovember 17, 20121min24824
ကြားပြီးကြပြီလားဗျ…။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတဲ့…။ လှလိုက်တဲ့ စကားလုံး…။ ဘယ်လိုပုဂ္ဂိုလ်အကောင်းစားကြီးတွေက တီထွင်သုံးစွဲသွားတာတဲ့လဲ…။ ခုရှုပ်မှနောင်ရှင်း… မှတ်တမ်းလေးတော့ တင်ထားသင့်တယ် ထင်မိပါတယ်…။ နောင်တစ်ချိန်…ဂုဏ်ပြုသင့်ရင်လည်း နာမည်တတ်ပြီး ဂုဏ်ပြုရအောင်ပေါ့…။ အဲ…အဲ ငါ နဲ့ ကိုင်တုတ်စရာရှိရင်လည်း နာမည်တတ်ပြီး ကိုင်တုတ်လို့ရတာပေါ့ နော့်…။ ဟေးဟေး…။ အဲဒါနဲ့ ပတ်သက်လို့ ကာတွန်းလေးတစ်ကွက် ဖတ်မိဘူးတယ်…။ ရေးသူအမည်မမှတ်မိတော့တာကိုတော့ ခွင့်လွှတ်ပေးပေါ့ဗျာ…။ ဆင်းရဲတဲ့လူတွေက အများစု…၊ ချမ်းသာကြွယ်ဝသူတွေက အနည်းစုဆိုတော့ ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်တာထက် ချမ်းသာကြွယ်ဝမှုကို တိုက်ဖျက်တာက ပိုလွယ်ပါလိမ့်မယ်တဲ့…။ ဟုတ်တော့လည်း အဟုတ်သားဗျ…။ ဆင်းရဲမွဲတေသူတွေအနေနဲ့ ဖုန်းတောင်မကိုင်နိုင်ကြသေးတဲ့အချိန်မျိုးကြီးမှာ… နံပတ်အပူးနဲ့ ကျပ် ၂ သိန်းတန် GSM ဖုန်းတစ်လုံးကို ကျပ် ၄ရ သိန်းနဲ့ လေလံဆွဲဝယ်ယူသွားတယ်ဆိုတဲ့ သတင်းကလည်း ခုရက်ပိုင်း လူပြောများလို့ နေပါတယ်ဗျာ…။ အော်…မုဒိတာပွားနိုင်ပါတယ် […]


black chawNovember 15, 20121min21233
သတင်းတွေ…သတင်းတွေ… မနက်မိုးလင်းတာနဲ့ မိုးရွာသလိုရွာချလာတဲ့သတင်းတွေ… အော်…အိမ်သူဇနီး ချစ်သည်းကြီးကို ရှောင်ချင်တယ်ဆိုရင်တောင် လွတ်နိုင်တယ်ဆိုပေမယ့်… သတင်းတွေကိုတော့ ရှောင်လို့ကို မလွတ်နိုင်ဘူးတဲ့ ကွယ်…။ ပိုက်ဆံတတ်နိုင်တဲ့လူတွေများကြတော့လည်း… သတင်းထူးရှိတိုင်း ချက်ခြင်းသိနိုင်ဖို့… သတင်းမက်ဆေ့ချ်တွေတောင် ဝယ်ထားကြဆိုလား ကြားရတာပါပဲ…။ ပိုက်ဆံမရှိလို့ သတင်းမက်ဆေ့ချ်မဖတ်ရဘူးဆိုပြီး စိတ်မကောင်းဖြစ်မနေပါနဲ့ဗျာ…။ သတင်းအချက်အလက်တွေကို လက်ကိုင်ဖုန်းများသို့ SMS စံနစ်ဖြင့် ဖြန့်ဝေနိုင်ရန်… ပြန်ကြားရေးဝန်ကြီးဌာနကစီစဉ်နေပါပြီတဲ့…။ မြန်မာလိုဖတ်ချင်တယ်ဆိုရင်တော့ မြန်မာဖေါင့်လေးတော့ ဖုန်းထဲထည့်ထားပေါ့ကွယ်…။ ပို့ပေးတဲ့ မက်ဆေ့ချ်ထဲက သတင်းမှန်တာမမှန်တာကတော့ ကံတရားပဲပေါ့…။ သက်ရှိလူတွေရဲ့ သတင်းတွေထဲမှာ သက်မဲ့လို့ဆိုကြတဲ့ သဘာဝတရားကြီးကလည်း ဘယ်ငြိမ်နေလိမ့်မလဲ ကိုကိုရယ်…။ သူကြီးတို့ ရုံးစိုက်ရာ အမေရိကားတောင် စန်ဒီ မုန်တိုင်းကြီးရဲ့ ကျည်ဆယ်ခြင်းအောက်မှာ… အလူးလူးအလိမ့်လိမ့် ဖြစ်ခဲ့ရပါရောလား…။ ဒီလောက်နဲ့တော့ မကျေနပ်သေးဘူးတဲ့ဗျာ…။ နယူးယောက်မြို့ကြီးတောင် ရေလွှမ်းမိုးခံခဲ့ရပြီး သန်းနဲ့ချီတဲ့လူနေအိမ်တွေ လျှပ်စစ်မီးပြတ်တောက်နေပါတယ်တဲ့…။ သဘာဝတရားကြီးက ဖွံ့ဖြိုးပြီးတွေ […]


black chawNovember 8, 20121min26626
အားကျစရာလား…၊ တရားရစရာလား…။ ယူချင်သလို…၊ ယူတတ်သလိုသာ ယူကြပေတော့ ကျောင်းဒကာတို့…။ လွန်ခဲ့တဲ့ တစ်လလောက်ကပဲ သာမာန် Torist Guide မလေး အဖြစ် ဘဝကို ဖြတ်သန်းနေခဲ့တဲ့ နန်းခင်ဇေယျာ ဆိုတဲ့ ၂၄ နှစ်အရွယ် ရှမ်းပအို့(ဝ်) မလေးတစ်ယောက် … ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းပေါ်မှာ ကျင်းပခဲ့တဲ့ Miss International 2012 ပြိုင်ပွဲကြီးမှာ Miss Internet ဆုနဲ့ Miss People Choice ဆုတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ အချိန်မှာတော့ တိုင်းသိပြည်သိ ထင်ရှားကျော်ကြားသူများစာရင်းထဲကို နေ့ချင်းညချင်း ရောက်ရှိသွားခဲ့ပါရောလား ဗျာ…။ အောင်မယ်…သူလေးနဲ့ အင်တာဗျူးမယ်…ဓါတ်ပုံရိုက်မယ်ဆိုရင် အခကြေးငွေပေးရမယ်ဆိုလား… မန်းဂဇက်ပေါ်အထိတောင် သတင်းတွေတောင်ကြီးလိုက်သေး…။ တစ်ဆက်တည်းမှာပဲ… လွယ်ဟိန်းကုမ္ပဏီရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခံရခြင်းနဲ့အတူ… […]


black chawOctober 25, 20121min23630
ဘုရားစူး…မိုးကြိုးပစ်… နန်းခင်ဇေယျာလေးနဲ့ ညားရပါစေရဲ့ဗျာ… ခုတလော ဘလက်ကြီးတစ်ယောက် အဲဒီလိုကြီးကို ပြောပြောနေတော့တာဗျာ…။ သူ့အသက်အရွယ်ကြီးမှ အားမနာ…။ နွားအိုမျက်နုကြိုက်ကြီး…။ ဘယ်လိုခေါ်မလဲ…မျက်လေးကနုတော့ ချိုတယ်ပေါ့နော် ပုံမှန်မှီဝဲရင် အရွယ်တင်နုပျိုတယ်ပေါ့နော်… အော် ဘလက်ဆိုတဲ့ ဘဲနာကြီးတော့ ကိုယ့်ဟာကိုယ် နွားဖြစ်လို့ ဖြစ်မှန်းတောင်မသိတော့ဘူး… သနားစရာ…။ အဲဒီဘလက်ဆိုတဲ့ ကောင်ကြီးက မရှင်းမရှင်းဗျ…။ စကားပြောလိုက်ရင်လည်း အကိုးအကားတွေနဲ့…။ အခုလည်း ပြည့်တန်ဆာမတစ်ယောက်ပြောတဲ့စကားတစ်ခွန်းကို ကြိတ်ခိုက်နေလို့တဲ့ဗျာ…။ ခင်ဗျားနဲ့ အဲဒီပြည့်တန်ဆာမနဲ့ ရှင်းရောရှင်းရဲ့လားလို့ မေးရင် ဘုရားစူး…မိုးကြိုးပစ်… နန်းခင်ဇေယျာလေးနဲ့ ညားရပါစေရဲ့… ဆိုပြီး ကျိန်ကျိန်ပြနေတာများ နားကြားပျင်းကတ်စရာကြီးကို ဖြစ်လို့…။ ဆိုလိုတာက သူနဲ့ အဲဒီပြည့်တန်ဆာမနဲ့ ကင်းတယ်ရှင်းတယ်ပေါ့ဗျာ…။ ပြည့်တန်ဆာမ နာမည်က အကြိုင်တဲ့…။ ပါးမှာ ပါးချိုင့်လေးနဲ့ ချစ်စရာလေးတဲ့ဗျ…။ အဲဒီချစ်စရာကောင်းတဲ့ ပြည့်တန်ဆာမလေး အကြိုင်က ပြောသွားတဲ့ စကားလေးတစ်ခွန်းတဲ့ဗျာ…။ […]


black chawMay 25, 20121min19719
တကယ်ပါ။ ပြီးခဲ့တဲ့ တစ်ပတ်လုံး မယ်ပုချ် ရေးတဲ့ ပို့စ်လေးနဲ့ အီးတုန်းရေးတဲ့ ပို့စ်လေးတွေ ဖတ်ပြီး ဝမ်းသာအားရအားပေးချင်ပေမယ့် လက်မတစ်ချောင်းထောင်ပြီး အားပေးသွားပါတယ် ဆိုတဲ့ကွန်းမန့်မျိုးကိုတော့ မပေးချင်တာနဲ့ ကွန်းမန့်ဝင်မပေးဖြစ်ခဲ့ပါဘူး။ မယ်ပုချ် ဆိုရင် ပို့စ်လေး နည်းနည်းလေးနဲ့ အရည်အချင်းကို ဦးစားပေးတဲ့ ဆရာမတစ်ယောက်လို့ ကျွန်တော် ပြောခဲ့ဘူးပါတယ်။ အခုအထိလည်း အရည်အတွက်ထက် အရည်အချင်းကို ဦးစားပေးရေးနေဆဲဖြစ်တဲ့အတွက် လက်ခုတ်တီးပြီး အားပေးပါတယ်ဗျာ။ ကွန်းမန့်ပေးမယ့်သာ မပေးတာပါ…။ မယ်ပုချ်ရဲ့ ဘယ်အချိန်ထိလဲ ပို့စ်အပေါ်မှာ ထောင်ထားတဲ့ လက်မ ၁၂ ချောင်းထဲမှာ ကျွန်တော့်လက်မ တစ်ချောင်းပါပါတယ်။ မယုံရင် ကိုနိုဇိုးမိကြီး မေးကြည့်ဗျာ။ ကိုနိုဇိုးမိကြီး ကိုယ်တိုင်လည်း ပုချ် ရဲ့ ပို့စ်လေးကောင်းတဲ့အကြောင်း ဖတ်ကြည့်ဖို့ ကျွန်တော့်ကို ကြော်ငြာထိုးပါတယ်။ အမှန်က ကျွန်တော်က အစောကြီးကတည်းက […]