ဒီ စနေ နေ့ (၁၆.၀၄.၂၀၁၆) တုန်းက အမေတို့လဲ ဒီကို လာလည်တာနဲ့ Gardens by the bay မှာ နှစ်တိုင်း ပြနေကြဖြစ်တဲ့ တျူးလစ် ပန်းပြပွဲ ကို ခေါ်သွားလိုက်တယ်။ ဒီတစ်ခေါက်က အမေတို့ ဒီကို လာတာ ဒုတိယမြောက် အကြိမ်ရယ်။ ပထမ တစ်ခေါက်က ၂၀၁၁ တုန်းက ကျနော် ဘွဲ့ယူတုန်း လာကြတာ။ အဲဒီတုန်းကတော့ ကိုယ်လဲ ဘယ်မှ မရောက်ဖူး ဘယ်မှ မသွားတတ် ဘာမှ လဲ မစားဖူး တာနဲ့ အမေတို့ကို မက်ဒေါ်နယ် ကေအက်ဖ်စီ တွေချည်း ပတ်ကျွေးနေမိတာ မြန်မာပြည်က ထမင်း ကို ငပိရည် နဲ့ စားနေကြ လူကြီးတွေ ဘယ်ခံနိုင်လိမ့်မလဲ။ အဲ့အခေါက်က တော်တော် အဆင်မပြေ ဖြစ်သွားတယ်ပေါ့လေ။ လမ်းလျှောက်ရ များတာလဲ ပါတယ်။ ဒါနဲ့ […]