အကယ်၍သာ … ယခုအချိန်တွင် သေဆုံးသွားခဲ့ပါရင် ကျွန်ုပ်အတွက် .. ငိုကြွေးမည့်သူ မည်သူရှိမည်နည်း .. ကျွန်ုပ်အား .. တမ်းတမည့်သူ မည်သူရှိမည်နည်း … ကျွန်ုပ်၏ အသုဘအား စိတ်ပါလက်ပါ ဆောင်ရွက်ပေးမည့်သူ မည်သူ ရှိမည်နည်း … ကျွန်ုပ်အတွက် ငွေတစ်မတ် မည်သူ ထည့်ပေးပါမည်နည်း … ကျွန်ုပ်၏ နောက်ဆုံးခရီးအား လိုက်ပါပို့ပေးမည့်သူများမှာ မည်သူတို့ ဖြစ်မည်နည်း ကျွန်ုပ်အတွက် စာတိုပေစ ဘယ်သူက ရေးမည်နည်း … ကျွန်ုပ်၏ အမည်အား မည်သူက မှတ်တမ်းထားမည်နည်း .. ကျွန်ုပ်အတွက် မည်သူက အမျှပေးဝေမည်နည်း … ကျွန်ုပ်အတွက် ရက်လည်ဆွမ်းသွပ် မည်သူက ပြုလုပ်ပေးမည်နည်း … အကယ်၍သာ … သေလွန်ပြီး တစ်နှစ်ခန့်ကြာသည့်အခါ … […]