စိန်ကြက်ဆင်February 27, 20131min80747
ကျွန်တော်သည် မန်းဂဇတ်ရွာကလေးမှာ နေထိုင်ပါသည်။ ကျွန်တော်တို့၏ မန်းဂဇတ်ရွာကလေးသည် ကမာ္ဘမြေကြီး၏ တနေရာတွင် တည်ရှိနေပါသည်။ အများကဖြင့် ကျွန်တော်တို့ ရွာကို မြောက်အမေရိကတိုက်တွင် တည်ရှိသည်ဟု ပြောဆိုကြပါသည်။ ကျနော်တော့အထင်မှာမူ မြောက်အမေရိကတိုက်နှင့် အာရှတိုက်အကြား ဘာမြူဒါတြိဂံအနီး ( ဟိုတလောက အကုန်ပျောက်တော့မလို့) အပေါ်လေထု အမြင့်ပေ ၃၀၀၀၀ လောက်တွင် တည်ရှိနေသည်ဟု ထင်ပါသည်။ ကျနော်တို့ ရွာကလေးသည် ဂလိုဘယ်လိုက်ဇေးရှင်းဟူသော အယ်လ်ဇေးရှင်းထက် ကြီးတာဂျီးကြောင့် တဖြည်းဖြည်း ကျယ်ဝန်း သိုက်မြိုက်လာပါသည်။ ကျနော်တို့ရွာတွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နိူင်ငံပေါင်းစုံမှ လူအများဖြင့် ဝင်ထွက်သွားလာ စည်ကားသိုက်မြိုက်လျှက် ရှိပါသည်။ ကျွန်တော်တို့ ရွာကကြီး (တဖြည်းဖြည်းကြီးလာလို့)ကို သမာသမတ်ကျကျ တစ်ဦးတည်း အာဏာရှင်ရှင်ဆန်ဆန် လစ်ဘရယ်စနစ်ဖြင့် ဖက်ဒရယ်မူအတိုင်း တိုးတက်ရာတိုးတက်ကြောင်း လေသိုင်းဖြင့် ဆွပေးနှိုက်ယူ ပညာရေးစနစ် အခြေခံကာ စီမံကွပ်ကဲ အုပ်ချုပ်သူမှာ သဂျီးဘွဲ့အမည်ခံ အဖဖယားသခိုင် ဆိုသူ မုတ်ဆိတ်မွှေးမည်းမည်း […]