နွေဦးJanuary 11, 20121min15117
၆ရက်နေ့က ကျိုက်ထီးရိုးဘုရားဖူးသွားကြတဲ့ သူငယ်ချင်းတွေ ဘုရားဖူးခရီးစဉ် ကားရဲ့ ဒုက္ခပေးလို့ ပေါက်ကွဲသံစဉ်တွေနဲ့ ကုသိုလ်ကောင်းမှုကို အမျှမဝေနိုင်ဘဲ..အကုသိုလ် အမျှဝေသွား ခဲ့ကြောင်း……. “ရွှေထူးလွင်” အထူးကားနဲ့ တယောက်ကို ၁၂၀၀၀/ကျပ် ပေးပြီး အသွားအပြန်အတွက် စိတ်အေးလက်အေး ဘုရားဖူးသွားခဲ့ပေမဲ့…. အသွားကထည်းက အဆင်မပြေခဲ့ပါဘူး။ ကြုံရာကားနဲ့ အဆင်ပြေအောင်လုပ်စားတဲ့ ဘုရားဖူး ခရီးစဉ်မို့ သူငယ်ချင်းတွေသာမက  သွားဘူးတဲ့လူတိုင်း ခံစား ခဲ့ကြရပါတယ်တဲ့။ သူများတွေခဏခဏ ပြောတာကြားဖူးပေမဲ့   နာမယ်ကြီးအောင်ကြော်ငြာ တခါစားလုပ်စားနေ တာတွေ မရှိလောက်ဘူးထင်လို့  “ရွှေထူးလွင်”လို အဖွဲ့ကို သေချာအောင် မေးစမ်းပြီးမှ လက်မှတ်ဝယ်  ပြီးသွားတာပါတဲ့။ နာမယ်ကြီးသလောက် လုပ်စားချက်ကလဲ ကြီးပါတယ်။ စတည်းကယဉ်သကို ဆိုသလို  အဲကွန်းကား လေအိပ်ကားဆိုပြီးတော့  ၈နာရီထွက်ရမှာကို မ.ထ.သ.ကားနဲ့ လဲပြီး ၁ဝနာရီ ကျော်မှ ထွက်တယ်။ဘယ်သူကမှ […]