alinsettFebruary 5, 20132min35722
သံယောဇဉ်အကြောင်း..ပြောကြမည် ဆိုလျှင်… ကျွန်တော်ပိုင်ဆိုင်ခဲ့ဖူးသော အဖြူရောင် သံယောဇဉ်ကလေးများ အကြောင်းက စ ပြောရပါမည် ။ သံယောဇဉ် သန့်သန့်ကလေးများအကြောင်းကိုတွေးမိတိုင်း… သတိရမိသည်မှာ.. သူတို ့…သာ..ဖြစ်ပါသည် ။ သူတို့ကို ကျွန်တော်… လွမ်းဆွတ် တမ်းတ နေကြောင်း… သူတို ့..သိပါ့မလား..။ ဝေးကွာခြင်းသည်…သူတို့နှင့် ကျွန်တော့်ကို…. မဆုံနိုင်အောင် ခြား ထားခဲ့သော… တံတိုုင်း တစ်ခု ဖြစ်ပါသည် ။ အခု အချိန်ဆိုလျှင်… သူတို ့.. လောကကြီး အကြောင်း… လူတွေ အကြောင်း..စသည်ဖြင့်….တော်တော်လေးကို.. သိနေကြတော့မည် ။ တစ်ယောက်က … အနုပညာကို ချစ်တတ်လျှင်… နောက်တစ်ယောက်က ….. သဘာဝတရားနှင့်.. ပတ်ဝန်းကျင်လောကကို ချစ်မြတ်နိုးပါလိမ့်မည် ။ နောက်တစ်ယောက်ကတော့…… တီထွင် ဖန်တီးခြင်းများကို..ချစ်တတ်ပါလိ်မ့်မည် ။ […]