လင်းဝေNovember 24, 20111min1014
မြန်မာပြည်က စားထားသောက်ထားသူများအတွက်တော့ မကြားလိုပါ မကြားလိုပါ သတင်းဖြစ်လေမလား။ သို့တည်းမဟုတ် ဒါလေးလောက်နဲ့များ ကွာ လို့ပဲပြောလေမလား။ သတင်းကတော့ စကာင်္ပူက ကိုယ်ကျိုးရှာ အလွဲသုံးစားမှု ပြုသူကို အရေးယူတဲ့ သတင်းဖြစ်ပါတယ်။ စကာင်္ပူဒေါ်လာ ၁၂.၂သန်းဖို့ အလွဲသုံးစားမှုပါ။ စကာင်္ပူဟာ သူ့နိုင်ငံမှာ အဂတိလိုက်စားမှုကင်းပါတယ်ဆိုပြီး ဂုဏ်ယူလေ့ရှိပါတယ်။ သို့သော်လည်းပဲ လူဆိုတာမျိုးက ၁ဝယောက်ရှိရင် အကျင့် ၁ဝမျိုးရှိနို်င်တာမို့ ထိမ်းသိမ်းရခက်ပါတယ်။ ထိမ်းသိမ်းရ လွယ်ကူအောင် ဥပဒေတို့ တိကျမှန်ကန်ပြီး စနစ်ကျနတဲ့ လုပ်ထုံးလုပ်နည်းတို့ နဲ့ ကိုင်တွယ် စီစစ်ရတာပါ။ အဲဒီ လုပ်ထုံးလုပ်နည်းကို ရှုပ်သထက် ရှုပ်အောင် လုပ်တာ ဒါမှမဟုတ် ရှင်းလင်းလွယ်ကူပြီး ထိရောက်အောင် လုပ်တာ စတာတွေက တိုင်းပြည်ကို စီမံခန့်ခွဲနိုင်စွမ်း အညွှန်းကိန်းပဲဖြစ်ပါတယ်။ အဲဒီမှာတင် ဥပဒေပြုရေးနဲ့ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ရေးဆိုတာဖြစ်လာတာပါပဲ။ […]