နွေဦးJune 23, 20121min671
ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့် မေတ္တာစွမ်းအင်အကျိုးကို သိရှိနားလည်ပြီး မေတ္တာဓာတ် ကိန်းအောင်းကာ ဝိပဿနာတရားများကို အားထုတ်လာစေချင်လို့ ဒီ post လေးကို တင်ပေးပါတယ်  ။ သည်ကမာ္ဘလောကကြီး၌ စွမ်းအားအထက်မြက်ဆုံးတရားကို ပြပါဆိုလျှင် မေတ္တာတရားကိုသာ ပြရမည် ဖြစ်ပါတယ် ။ မဟာမေတ္တာဂရုဏာ ကြီးမားစွာ ဖြန့်ကြလျက်ရှိသော မြတ်စွာဘုရား ရှင်က မေတ္တာစွမ်းအင်ကြီးမားပုံကို အဆင့် (၁၀)ဆင့် ခွဲခြားလျက် အောက်ပါအတိုင်း ဟောကြားတော် မူခဲ့ပါသည်။ ၁။ ထမင်းရည်ချောင်းစီးအောင် လှူဒါန်းခဲ့သော ဘုရားအလောင်း ဝေလာမပုဏ္ဏားကြီး၏ အလှူဒါန မျိုးထက် သောတပန်တစ်ဦးကို လှူဒါန်းရခြင်းက သာလွန်၍ အကျိုးကြီးမား၏။ ၂။ သောတာပန် (၁၀၀)ကို လှူရခြင်းထက် သကဒါဂါမ် တစ်ဦးကို လှူရခြင်းက သာလွန်၍ အကျိုး ကြီးမား၏။ ၃။ သကဒါဂါမ် (၁၀၀) ကို […]