alinsettMay 16, 20151min31724
                          သေလိုက်ပါတော့ အဘတို့ရယ်… ————————————- မပြောချင်ပေမဲ့ ပြောရတော့မှာပဲ… ကျုပ်ဆိုတဲ့အကောင်က ဟိုဒင်းလမ်းကြောင်းမှာ ဟိုဒင်းခံနေတယ်ဆိုသလိုပဲ… ။ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်ဆိုလား… အဲ… အဲ့ဒီထဲက လူလိုပဲလို့  ပြောတာပါ။ လက္ခဏာတွေ ဗေဒင်တွေကို အယုံအကြည်နည်းသူဆိုပေမယ့်… အချစ်ရေးနဲ့ ပတ်သက်လာရင်… တလွဲလွဲတချော်ချော်နဲ့မို့..  မကြာခဏ ကိုယ့်လက်ဖဝါးကိုယ် ပြန် ပြန် ကြည့်မိတယ်။ ကျုပ်လက်ဖဝါးပြင်ပေါ်က နှလုံးလမ်းကြောင်းကို ကြည့်တော့ … ကျွန်းတင် မဟုတ်… ဖြတ်မျဉ်းတွေရော… ဂငယ်ကွေ့တွေရော…ကြက်ခြေခက်တွေရော… မွစာကိုတက်လို့… ဆိုတော့ …အဲဒီ လက္ခဏာလမ်းကြောင်း နိမိတ်တွေကပဲ မှန်သလား.. ကျုပ်ဆိုတဲ့အကောင်ကပဲ… တခုခုမှားနေလေသလား […]