ko sixAugust 2, 20171min2002
” ညီမလေး ။ ၃ နာရီ ကားနဲ့ မြင်းခြံပြန်မှာဆို။ အချိန် သိပ်မရှိတော့ဘူး။ ခုပဲ နှစ်-မတ်တင်းနေပြီ” ဒီလိုပါပဲလေ။ အချိန်တန်တော့လည်း ခွဲကြရပြန်ပေါ့။ ကန်တင်းထဲမှ လေးလံထုံမှိုင်းတဲ့ ခြေလှမ်းတို့နဲ့ နှစ်ဦးသား ထွက်လာခဲ့ကြသည်။ ကျောင်းလမ်းတစ်လျှောက်လုံး နှုတ်စကားတို့ အလိုလို စွံ့အနေပါသည်။ သံယောဇဉ်ဆိုတာ အချိန်တိုအတွင်းမှာ ဖြစ်ထွန်းအောင်မြင်နိုင်တဲ့ သစ်သီးလား။ အဲဒီ သစ်သီးကို သူနဲ့ကိုယ် ခူးစားမိခဲ့ကြပြီး ပန်းသီးဟု အမည်ရခဲ့သည်ရှိသော်…. ” ကိုကြီး…ဒီမှာ ရော့…။ အဲဒါ ညီမလေးရဲ့ လိပ်စာပါ” ဗလာစာရွက်ပေါ်မှာ Gel ink pen နဲ့ ရေးထားပြီး အပြာရောင် လက်ရေးလှလှလေးတွေကို တွေ့လိုက်ရသည်။ ထိုစာရွက်ကလေးကို ဖတ်ကြည့်ပြီး ဘောင်းဘီအိတ်ကပ်ထဲ ထည့်သိမ်းလိုက်သည်။ ” ကိုကြီး … […]


ko sixJuly 29, 20171min2073
နှစ်ရောင်စပ်ပုံပြင် (2) အခန်း-၃ အစားထိုး ပရယ်တီကယ် Major -9 နှစ်ချိန်စာ အတွက် လုပ်ပြီးတာနဲ့ ဌာနထဲမှ ထွက်လာခဲ့သည်။ဒီနေ့ ကျောင်းနောက်ဆုံးတက်ရသော နေ့လည်းဖြစ်သည်။ ရှေ့တစ်ပတ်ဆိုရင် ပထမပညာသင်ကာလ စာမေးပွဲကြီး ဖြေဆိုရတော့မည် ဖြစ်သည်။ အဆောင်ပြန်ပြီး စာကျက်ဖို့သာ ရှိတော့သည်။ မမနုတို့ ကန်တင်းဆိုင်မှ စာကျက်ရင်း အပျင်းပြေစားဖို့ မုန့်ဝယ်လိုက်ဦးမယ်လို့ တွေမိပြီး မမနုတို့ဆိုင်ဘက် သွားလိုက်မိသည်။ မမနုကိုတော့ မတွေ့ရ။ မမနုတို့အမေကိုသာ ဈေးရောင်းနေသည်ကို တွေ့ရသည်။ အမေကြီးက ကိုယ့်ကိုမြင်မြင်ချင်း…… “အတော်ပဲကွယ်…ဒီသမီးလေးကို အဝေးသင်ဌာနဘက် ပို့ပေးလိုက်ပါဦး။ ဒီမှာ မုန့်ရောင်းနေရတာ မအားသေးလို့ကွယ်။မင်း မမနုကလည်း ဈေးကုန် သွားဝယ်နေလို့ ” မမနုတို့ အမေကြီးတို့ဆိုတာ ကိုယ်နဲ့ ပထမနှစ် ကျောင်းသားဘဝကတည်းက မိသားစုတွေလို နေခဲ့ကြတာပါ။ ကိုယ့်မှာ […]