” အဲဒါ နဲ့ ဂျာနူး ရဲ့ အဖေ က ကိုယ့်ကို အကူအညီတောင်းလာတယ် သူငယ်ချင်း” ” မင်းတို့ ဘယ်လိုလုပ်သလဲ ?” ” ငါလဲဘယ်နေပါ့မလဲကွာ စခန်းမှုးကိုခွင့်တောင်းပြီး တောနင်းရှာတာပေါ့ကွာ။ ဒါပေမဲ့ ခြေရာတောင်မတွေ့တော့ သူပြောတာတောင်ဟုတ်ပါ့မလားစဉ်းစားမိတယ်။ တခြားအနီး အနားရွာတွေဆီက တချို့ ဒီလိုတွေ ခံရတဲ့သူတွေ တယောက်စ နှစ်ယောက်စ တွေ့ရ ပြန်တော့ မယုံလို့မရပြန်ဘူး။ ငါလဲမတတ်နိုင်တဲ့အဆုံးမင်းကိုအကူအညီတောင်းရတာပဲ သူငယ်ချင်း” ” ဘယ်နှစ်ယောက်လောက် အကုတ်ခံလိုက်ရပြီလဲ?” ” အင်းးး အားလုံးပေါင်းရင် ၁ဝ ယောက်ကျော် တော့မယ်ထင်တယ် ” ” ဆရာ ဝန်တွေကရောဘာပြောလဲ ဒဏ်ရာအနာနဲ့ပါတ်သတ်ပြီးတော့ ” ” မေ့တော့မလို့ သူတို့အားလုံးဆေးရုံကိုတယောက်မှ ရောက်မလာကြဘူးကွ။ အဲဒီတကြောက တိုင်းရင်းဆေးဆရာက ကုပေးတာတဲ့။ […]


ချစ်ချစ်ချစ်(အပိုင်း-၁) အခန်း-၄ နေမွန်းတည့်အချိန် ဖြစ်လေသည်။ နိုဝင်ဘာလ အတွင်းရောက်နေပြီဖြစ်သဖြင့် အပူရှိန်မှာသိသိသာသာလျော့ကျနေပေပြီ။ စိုက်ခင်းများရိပ်သိမ်ချိန်ကိုစောင့်မျော် နေရချိန်ဖြစ်သဖြင့် ဦိးဇော်ရိန်း တို့လိုယာသမားမျာအဖို့အားလပ်ချိန်ရနေသည်။ မိမိစိုက်ပျိုးထားသောယာခင်းမျာကို တောကောင်များလာရောက်စားသောက်ခြင်း ဖျက်စီးခြင်းရန်ကိုတချက်တချက်စောင့်ပေးရသည်။မဟုတ်ပါကရိပ်သိမ်းကာနီးအ ချိန်တချက်ပေါ့ပါကစိုက်သမျှ အချည်းနှီးဖြစ်သွားပေမည်။ သို့ပေမဲ့တချိန်လုံးစောင့် စရာကာမလိုပေ။ တောကောင်များ ကလည်း အသီးအနှံကောင်းစွာကြီးထွားနေချိန် ရိပ်သိမ်းကာနီး တွင်လာတတ်သည်။ ဦိးဇော်ရိန်း သားဖြစ်သူ နှင့် တူဖြစ်သူ တို့ အလာကိုစောင့်မျော်နေသည်။မိမိယာ တဲကိုညအိပ်စောင့်ကြပ်ချိန်ရောက်နေပြီ။ မိမိ စိုက်ပျိုးထားသောပြောင်းခင်းကိုယမန် နေ့များကတောကောင်ဝင်ထားကြောင်းယာနီးချင်းရွာသားတဦးမှအသိပေးထားသည်။ အခါတိုင်းမိမိတယောက်တည်းညအိပ်စောင့်ကြပ်လေ့ရှိသော်လည်း အသက်အရွယ်ရ လာသည်ကတကြောင်း တောလည်(မုဆိုး) မထွက်ရတာကြာပြီဖြစ်သဖြင့်လည်းကောင်း တယောက်တည်းထက်စာပါကအဖော်ပါသင့်သည်ဟု အမျိုးသမီးဖြစ်သူကတိုက်တွန်းသဖြင့် လည်းကောင်း ထိုနှစ်ယောက်အားခေါ်လိုက်ရခြင်းဖြစ်လေသည်။ ထိုနှစ်ယောက်ကလည်း အရွယ်ရောက်ပြီးသူများပီပီ အတော်အတန်မုဆိုးပညာတတ်ကျွမ်း နေပေပြီ။တကိုယ်တော် လူကြီးများမသိအောင်ခိုးခိုးထွက်လေ့ရှိကြသည်။ဒါပေမဲ့သားကောင် မရကြသဖြင့်လူကြီးများမသိကြ။ ဝါရင့်မုဆိုးများနှင့်တွဲဖက်မှသားကောင်ရတတ်ကြသည်။ ဦးဇော်ရိမ်း ကားထိုရွာတွင်အလွန်ကျွမ်းကျင်သောမုဆိုးဖြစ်သဖြင့်သူခေါ်လျှင်ငြင်းမည့်သူ မရှိ။လိုက်ချင်သူပေါများလေသည်။ သူကလည်းမျှတသူတဥိီပီပီ အလည့်ကျအားလုံးကို ခေါ်သည်။အခြားသူများကတော့ […]


Nan ShinSeptember 4, 20111min996
အခန်း(၂)မြားနတ်မောင်သာဂိ              သာဂိတစ်ယောက်အသက်ဆယ့်ငါးနှစ်ရှိပြီယခုထိရှင်မပြုရသေး။ ထို ့ကြောင့် သာဂိ ရှင်ပြု ချင်သည်။ သို ့သော် မိဘများကိုမပူဆာချင်တာကတကြောင်း၊ ထိုရှင်ပြုခြင်းကိစ္စသည်မိဘတို ့ခွင့်ပြုချက်ဖြင့် သာလျှင်ဝတ်သင့်ကြောင်းကို သာဂိသိထားသည်ကတကြောင်းမို ့မိမိ၏ဆန္ဒ ကိုမိဘများအား ထုတ်ဖော်မပြခဲ့ပဲဖာသိဖာသာ သာနေလာခဲ့သည်။ သို ့သော်အခွင့်ကောင်းကိုကားစောင့်ဆိုင်းနေပေသည်။ လူသည်မျှော်လင့်ချက်ဖြင့်အသက်ရှင်ရပ်တည်နေခြင်းဖြစ်ပြီး ၎င်းမျှော်လင့်ချက်ကို ချက်ချင်း အကောင် အထည်ဖော်၍မရခဲ့သော် မိမိဘက်မှလိုအပ်သည်များကို အစဉ်သင့်ပြင်စင်၍ အခွင့်အခါကောင်းကို စောင့်ဆိုင်းခြင်းသည်အကောင်းဆုံးဟုသာဂိခံယူထားသည်။                      သာဂိတို ့ညီအစ်ကိုအားလုံးသည် နှစ်နှစ်ကြီး နှစ်နှစ်ငယ်များဖြစ်ကြသည်။ ထို ့ကြောင့် သာဂိ၏အကိုအကြီးဆုံး ဖြစ်သောစိုးဦးမှာသာဂိထက်ရှစ်နှစ်ကြီးပါသည်။ စိုးဦးမှာ ကျောင်းပြီးပြီဖြစ်၍ ခင်သာ ရွာလေး၏ထုံးစံအတိုင်း လယ်ထဲဆင်းရမည်ဖြစ်သော်လည်း မိဘများက”ငါ့သားကြီးအရမ်းပင်ပန်းနေပြီ ဒီနှစ်တော့နားလိုက်ပါဦး” ဟုပြော၍ နားနားနေနေ ဖြင့် အိမ်တကာလျှောက်လည်ခြင်း     သူငယ်ချင်းများနှင့် လျှောက်သွားခြင်းများဖြင့် အချိန်ကို ကုန်ဆုံးစေခဲ့ပါသည်။ ညီအကို […]