‘ကျန်နေသေးတဲ့ ဘဝခရီးတွေ xxxx xx ကိုယ်တစ်ယောက်တည်းတော့ xxx xx မသွားတော့ပါ xxxxမင်းလိုက်နိုင်မလားကွာ’   လက်ပ်တော့ကနေ နှိပ်မိရာ နှိပ်မိလိုက်တဲ့ သီချင်းက ဆောင်းဦးလှိုင်ရဲ့ သီချင်း။ နှုတ်ခမ်းက တစ်ချက်ပြုံး လိုက်မိတယ်။ သီချင်းလေးထဲကအတိုင်း တခါတရံ အချစ်ကမှားနေသလားပေါ့။ ပြန်စဉ်းစားမိတယ်။ လက်ပ်တော့က သီချင်းသံက လွင့်ပျံနေလို့ ပြတင်းပေါက်ကနေ အပြင်ကို တစ်ချက်လှမ်းကြည့်မိတယ်။ လေတစ်ချက်နှစ်ချက်တိုက်လို့ အပင်တွေ လှုပ်ယီလှုပ်ယဲ့ နေဝင်ချိန်မို့ ငှက်ငယ်အချို့အိမ်ပြန်တာ တွေ့နေရတယ်။ မြင်နေတဲ့ မြင်ကွင်းကို ကြည့်ရင်း ပြုံးမိပြန်တယ်။ ကိုယ့်ကိုယ်ကို ဘာလို့ ပြုံးမိမှန်း မသိပြန်ဘူး။   လောလောဆယ် လက်ပ်တော့က လွင့်ပျံလာတဲ့ သီချင်းကို ချစ်တယ်။ ပြတင်းပေါက်က ကြည့်နေရတဲ့ ရှုခင်းကို ချစ်တယ်။ အချစ်ဆိုတာ လူတစ်ယောက်ကို […]


++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++   Screen မှောင်နေတဲ့ ဖုန်းကလေးကို ခလုတ်လေး နှိပ်လို့ ဖွင့်လိုက်တဲ့အခါ သူမ ကို တွေ့ရတယ် … ဒီအခါ ခပ်ပြုံးပြုံးနဲ့ ပြောမိပါတယ် … “ချစ်တယ်” …။   သုံးနေကြ လက်ပ်တော့လေးကို ဖွင့် ပါဝါ ဘက်တန် လေးကို နှိပ် Login ဝင်လိုက်တော့ Desktop ကို ရောက်သွားတယ် (သုံးနေတာ Windows 8 မဟုတ်ပါ) ဒီအခါ သူမ ပုံများနဲ့ ခြယ်သထားတဲ့ Wallpaper လေးကို တွေ့ရတယ် … ဒီလို အခါမျိုးမှာလည်း ပြောမိပါတယ် … “ချစ်တယ်” …။   အွန်လိုင်းပေါ် တက် ဟိုစပ်စပ် ဒီစပ်စပ် […]


“ အချစ်ဟုခေါ်သည် ” ပူလောင်ခြင်းတွေနဲ့ သန္တေတည်တဲ့နေရားလေး ။ အေးမြခြင်းတွေ တစ်ခါတစ်ရံ နားခိုတဲ့နေရာလေး ။ သံသယတွေ ကင်းစင်တဲ့နေရာလေး ။ သံသယတွေ မြစ်ဖျားခံတဲ့နေရာလေး ။ ရင်ခုန်သံဆိုင်ချက်တွေအောင်မှာ ကခုန်ကြ ပျော်မြူးကြ … ။ အပျော်ကျူးတော့ အပျော်မူးကြ အပျော်လွန်တော့ အသည်းကျွံကြ ခါတစ်ရံမှာ စစ်ပွဲတွေဖန်တီးသလို ခါတစ်ရံမှာ ငြိမ်းချမ်းရေးတွေတည်ဆောက်လို့ … ။ အဆုံးသတ်မှာ မျက်ရည်စို့သလို အပျော်တွေလည်းစီးဆင်းရဲ့ … ။ နားလည်ရခက်တဲ့ နှလုံးသားရဲ့တစ်နေရာ အဲဒါကလေ …. ။ ။