အချစ်ဆိုတာ လူတကာ ကောက်စားလို့ရတဲ့ သစ်သီးတစ်လုံး ဖြစ်ပေမယ့် အခန့်မသင့်ရင် အဆိပ်မိတတ်တယ် … အချစ်ဆိုတာ နှလုံးသားရဲ့ အာဟာရဖြစ်ပေမယ့် မျှတရုံထက် ပိုရင်လည်း လူကို အရူးတစ်ယောက်လို ဖြစ်စေတယ် … အချစ်ဆိုတာ ကြည်နူး နှစ်သက်စရာဖြစ်ပေမယ့် စိုက်ပျိုးသူကို အပူတွေလည်း ပေးတတ်တယ် … အချစ်ဆိုတာ တံတိုင်းကြီးတွေ ကာဆီးထားလို့ မရပေမယ့် စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့အခါ ရင်မှာ ဝေဒနာတွေသာ ဖြစ်စေတယ် … အချစ်ဆိုတာ လွှင့်ပစ်ဖို့ ခက်ခဲတဲ့အရာ ဖြစ်ပေမယ့် တယုတယနဲ့ သိမ်းဆည်းပြန်ရင်လည်း အနိုင်ယူတတ်တယ် … အချစ်ဆိုတာ မွေးရာပါ ရင်တွင်းတရား ဖြစ်ပေမယ့် တစ်ခါတစ်လေမှာ သူ မပါဘဲနဲ့ အသက်ရှင် နေထိုင်သင့်ပါတယ် …. ။   ကျနော် […]