“အလွမ်းမိုင်တိုင် ၁၅၀၀´´ အလွမ်းတွေဝေတိုင်းသာ ပန်းတွေကြွေခဲ့မယ်ဆိုရင် မောင် ရပ်နေတဲ့ကမ္ဘာမြေကြီး ပန်းကြွေလွင်ပြင်ကြီးဖြစ်သွားပါလိမ့်မယ် နှင်း ရယ် … ။ ရေမြေဒေသခြားပေမယ့် မောင် တို့နှစ်ယောက်ကြား နားလည်မှုတံတားတည်ဆောက်နိုင်ခဲ့တယ်နော် … ။ ကံကြမ္မာမျက်နှာသာမပေးတော့ အဆက်အသွယ်မရပေမယ့် နှင်း နဲ့ မောင် သစ္စာနဲ့အတိပြီးတဲ့ သံယောဇဉ်နှလုံးသား အချစ်စွမ်းပကားတွေကို နှစ်ယောက်လုံးပိုင်ဆိုင်ထားကြတယ်နော် .. ။ မောင် တို့နှစ်ယောက်ရဲ့ချစ်သက်သေ စက္ကူငှက်ရုပ်လေးတွေခေါက်ရင်း ချစ်သူ့ကိုအလွမ်းဖြေခဲ့ရတယ် နှင်း လဲမောင့်လိုပဲနေမှာပါပဲလေ …. ။ နှင်း ရေ …. သံသယတံတိုင်းနဲ့ကင်းတဲ့နယ်မြေ အလွမ်းတွေသေဆုံးတဲ့နယ်မြေ အမုန်တရားစစ်ရှုံးတဲ့နယ်မြေ သံယောဇဉ်ရပ်ဝန်းတစ်နေရာမှာ မောင် တို့နားခိုကြပါစို့နော် …. ။ ဒါပေမယ့် နှင်း ရယ် မပြည်စုံသေးတဲ့ဘဝမှာတော့ ချစ်သူကိုလွမ်းဆွတ် တမ်းတရင်းနဲ့ပဲ နှစ်သိမ့်ရတော့မှာပေါ့ အချစ်စစ်မှန်ရင်ကြမ်းတမ်းစမြဲပဲတဲ့ […]