‘ချက်…..ချက်…….ချက်…ချက်…….ချက်…..ချက်’   နံရံမှာကပ်ထားတဲ့ နာရီသံက ကျွန်မကိုကျီစယ်နေသလိုလို။ ဒီနေ့က ဒီဇင်ဘာ(၃၁)ရက် တိတိကျကျပြောရမယ်ဆိုရင် ၂၀၁၄ခုနှစ် ၊ ဒီဇင်ဘာ(၃၁)ရက် ၊ ည (၁၀)နာရီတိတိကို ထိုးပြီမောင်။ အခန်းဝက ကန့်လန့်ကာက တစ်ချက်လှုပ်ခါသွားတာ ကြည့်ပြီး မောင်များလားလို့ မသိစိတ်က ကျွန်မထင်မိလိုက်သေးတယ်။ ပြီးမှ ကိုယ့်စိတ်ကိုယ်ပြန်ထိန်း တစ်ချက်ပြုံးပြီး မဖြစ်နိုင်ပါဘူးလေဆိုပြီး ဖြေသိမ့်လိုက်ရတယ်။ ဆောင်းရာသီရဲ့ မြောက်ပြန်လေက တစ်ချက်တစ်ချက် တိုက်ခတ်လာတယ်။ တိုက်ခတ်လာတဲ့လေနဲ့အတူ ခြံရှေ့က သစ်ခွပင်တွေဆီက သစ်ခွနံ့ခပ်သင်းသင်းက ကျွန်မဆီကိုတိုးဝင်လာတယ်။ ဪ ဟုတ်ပါရဲ့။ သစ်ခွတွေတောင် ပွင့်နေရောပေါ့။ သစ်ခွပင်တွေကြားထဲမှာ ကျွန်မလမ်းလျှောက်နေလိုက်တယ်။ တစ်ဖက်က ကျွန်မသိပ်နှစ်သက်တဲ့ ဒန်ဒရိုဗီယမ်သစ်ခွ နဲ့ မိုကာရာသစ်ခွတွေ ၊ တစ်ဖက်က မောင်သိပ်ကြိုက်တဲ့ ဗန်ဒါ နဲ့ ကတ်တလီယာသစ်ခွတွေ။ ဆောင်းညရဲ့စိုစွတ်စွတ်မြူတွေကြား ပွင့်နေကြလိုက်တာ။ […]


‘ချက်…..ချက်…….ချက်…ချက်…….ချက်…..ချက်’   နံရံမှာကပ်ထားတဲ့ နာရီသံက ကျွန်မကိုကျီစယ်နေသလိုလို။ ဒီနေ့က ဒီဇင်ဘာ(၃၁)ရက် တိတိကျကျပြောရမယ်ဆိုရင် ၂၀၁၃ခုနှစ် ၊ ဒီဇင်ဘာ(၃၁)ရက် ၊ ည (၁၀)နာရီတိတိကို ထိုးပြီမောင်။ အခန်းဝက ကန့်လန့်ကာက တစ်ချက်လှုပ်ခါသွားတာ ကြည့်ပြီး မောင်များလားလို့ မသိစိတ်က ကျွန်မထင်မိလိုက်သေးတယ်။ ပြီးမှ ကိုယ့်စိတ်ကိုယ်ပြန်ထိန်း တစ်ချက်ပြုံးပြီး မဖြစ်နိုင်ပါဘူးလေဆိုပြီး ဖြေသိမ့်လိုက်ရတယ်။ ဆောင်းရာသီရဲ့ မြောက်ပြန်လေက တစ်ချက်တစ်ချက် တိုက်ခတ်လာတယ်။ တိုက်ခတ်လာတဲ့လေနဲ့အတူ ခြံရှေ့က သစ်ခွပင်တွေဆီက သစ်ခွနံ့ခပ်သင်းသင်းက ကျွန်မဆီကိုတိုးဝင်လာတယ်။ ဪ ဟုတ်ပါရဲ့။ သစ်ခွတွေတောင် ပွင့်နေရောပေါ့။ သစ်ခွပင်တွေကြားထဲမှာ ကျွန်မလမ်းလျှောက်နေလိုက်တယ်။ တစ်ဖက်က ကျွန်မသိပ်နှစ်သက်တဲ့ ဒန်ဒရိုဗီယမ်သစ်ခွ နဲ့ မိုကာရာသစ်ခွတွေ ၊ တစ်ဖက်က မောင်သိပ်ကြိုက်တဲ့ ဗန်ဒါ နဲ့ ကတ်တလီယာသစ်ခွတွေ။ ဆောင်းညရဲ့စိုစွတ်စွတ်မြူတွေကြား ပွင့်နေကြလိုက်တာ။ […]


ကော်ဖီတွေတောင်အေးကုန်ပြီ။ မနက်ကအလောတကြီးအိမ်ကထွက်လာပြီး မသောက်ဖြစ်ခဲ့တဲ့ကော်ဖီက ခုတော့ အေးစက်နေပြီ။ ဒီနေ့ ဘုရားကိုစောစောထွက်ရမယ်ဆိုတာသိရက်နဲ့ ကျွန်မမထနိုင်ခဲ့ပေ။ ခုချိန် မောင်သာရှိရင် ဆိုသည့်အတွေးက ကျွန်မဦးနှောက်ထဲကိုရောက်ရောက်လာတယ်။ ချက်ချင်းပင်အတွေးကိုဖျောက်ကာ ကော်ဖီခွက်ကို ကောက်ကိုင်လိုက်မိတယ်။ အိမ်အပြင်မှာတော့ မိုးကဖျောက်စိပ်ကျကာ အေးစိမ့်စိမ့်ဖြစ်နေတယ်။ တက္ကစီပေါ်မှ ခပ်မြန်မြန်ဆင်းလာလို့ပဲ မိုးစက်တွေ စွတ်စိုစိုက လူတစ်ကိုယ်လုံးချမ်းကာနေတော့တယ်။ ရေနွေးကိုဆူအောင်တည်ထား ရင်း ခပ်စိုစိုဖြစ်နေတဲ့ ဆံပင်တွေကို သုတ်နေလိုက်တယ်။ မိုးအေးအေးဆိုရင် ကော်ဖီဆိမ့်သက်သက်တစ်ခွက်ကတော့ ကျွန်မဖျော်သောက်နေကြလေ။ ကော်ဖီမှုန့် ၊ Creamer ၊ သကြားတွေကို စိတ်ကြိုက်ထည့်ပြီး ကော်ဖီပူပူတစ်ခွက်ကို သောက်နေရင်း မောင့်ကိုပြန်ပြောင်းသတိရမိတယ်။   “ယွန်းကကော်ဖီ သိပ်ကြိုက်တယ်ပေါ့” သွားထပ်လေးပေါ်အောင် ရီရင်းမေးတဲ့မောင့်ကို ကျွန်မခေါင်းတစ်ချက်ပဲ ညိတ်ပြလိုက်တယ်။ အကြောင်းအရာတစ်ခုခုကု အစွဲအလန်ကြီးတဲ့ မောင့်ရဲ့စိတ်ကို စတွေ့ကတည်းက ကျွန်မ ရိပ်မိနေခဲ့တယ်လေ။ ကျွန်မလိုပဲ မောင်လည်းကော်ဖီသိပ်ကြိုက်တဲ့ […]


အောင် မိုးသူSeptember 24, 20121min22520
သူမ အကြောင်းတွေးတိုင်း ကျွန်တော့်နှလုံးသားတွေ ဝုန်းဒိုင်းကျဲခုန်နေတုန်းပင်ဖြစ်သည်။ သူနှင့်ကျွန်တော့်ဇာတ်လမ်းသည် ဘယ်သို့ဘယ်ပုံဟု ပြောရမှန်းမသိအောင် ကျွန်တော့်ရာဇဝင်တွင် ပြောစမှတ်တွင်ခဲ့သည်။ ကျွန်တော့်အချစ်သည် တစ်ဖက်သတ်အချစ်လား၊ ဘယ်လိုအချစ်လဲ ကျွန်တော်ကိုယ်တိုင်ပင် နာမည်မတပ်နိုင်ခဲ့ချေ….။ ထိုအချစ်တို့၏ မြစ်ဖျားခံရာသည်…………… သည်နေ့အလုပ်အသစ်ဝင်ရမည်ဆိုသောကြောင့် ကျွန်တော့်စိတ်များလှုပ်ရှားနေ၏။ ကားဂိတ်မှ အဆင်း ကျွန်တော်အလုပ်လုပ်ရမည့် ရုံးရှိရာသို့အလာတွင်…… “ဟေ့…… မနေ့က ရုံးကခန့်လိုက်တဲ့ လူသစ်လား….” အသံရှိရာသို့ ကျွန်တော်လှည့်ကြည့်မိလိုက်သည်။ ဂျင်းဘောင်းဘီဒူးဖုံးအကျပ်ကလေးနှင့် ခေတ်ပေါ်အဝတ်အစားလေးကို ကျကျနနဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်…အသားကဖြူဖြူနှင့် တရုတ်မလေးဖြစ်မည်ဟု ကျွန်တော်တွေးလိုက်မိသည်..။ “ဟုတ်ပါတယ်…. အစ်မက ……….” “ငါက….. ဒီမှာ မာကတ်တင်း(Marketing) လေ….. နင့်နာမည်က….” “ပိုင်ထက်အောင် ပါ……… အစ်မနာမည်က ” “ယမင်းအောင်ပါ……….” စစတွေ့ချင်းမှာပဲ ကျွန်တော်သူမကို မှတ်ချက်ချခဲ့ဖူးသည်…။ နှခေါင်းပြားပြားနှင့်… မည်သို့မျှမလှသော တရုတ်မလေးဟုပင် သတ်မှတ်ခဲ့သည်….။ ************************************ […]