ဘဝဟာ ချိုမလိုနဲ့ ခါးတဲ့အကြောင်း အချစ်ဟာ တိမ်လိုလိုနဲ့ နက်တဲ့အကြောင်း ကြည်နူးခြင်းတွေဟာ ကြွေမလိုလိုနဲ့ မြဲတဲ့အကြောင်း သူ့ကိုပြောပြချင်လိုက်တာ။   — မိုးလူ — ………………..   ဘာကြောင့်များ နှစ်ပေါင်းများစွာတိုင်အောင် မဟောင်းသေးတာလည်းဆိုတာ အံဩမိသည်။ လွန်ခဲ့တဲ့ (၈)နှစ် ဝန်းကျင်ခန့်က ခရေပင်များမှာ ပို၍ပင် အုံ့ဆိုင်းလာသေးသည်။ တကယ်တော့ ပြီးခဲ့တဲ့ (၈)နှစ် ကတည်းက ကောင်လေးတစ်ယောက်ဟာ ဒီခရေပင်တန်းတွေအောက်မှာ စက္ကူကြယ်တွေခေါက်ပြီး ဖန်ပုလင်းလေးထည့်ခဲ့ တာ အခုထိဆိုတာ ဘယ်သူမှ သတိထားမိမှာ မဟုတ်ပေ။ ဘယ်တော့မှမဟောင်းတဲ့ အချစ်တွေနဲ့အတူ စက္ကူကြယ်တွေထည့်ထားတဲ့ ဖန်ပုလင်းလေးများကတော့ ကျွန်တော့်အခန်းထဲမှာ အစီအရီရှိနေသေးသည်။ ဖန်ပုလင်းလေးထဲမှ စက္ကူကြယ်လေးတစ်ခုချင်းစီတွင် ကြည့်နူးခြင်းများ အပြည့်အနှက်ရှိနေသည်ဟု ကျွန်တော် တပ်အပ်ပြောရဲ၏။ မယုံသောသူရှိရင်လည်း ပြုံးပြရုံသာ တတ်နိုင် တော့သည်။ […]