koyin sithuDecember 22, 20111min18012
လူတစ်ယောက်က ကိုယ့်ကို ချစ်ခွင့်ပန်လာပြီဆို ဒီလူ ငါ့ကိုတကယ်ချစ်လို့လား၊ အပျော်တွဲမှာလား၊ စဉ်းစားပေးရင်ကောင်းမလား၊ ပြန်ချစ်သင့်လား၊ ပြန်မချစ်သင့်ဘူးလား၊ သူကဘယ်လိုလူမျိုးလဲ စသဖြင့် မိန်းကလေးတိုင်း တွေဝေတက်ကြပါတယ်။ ချစ်မိလို့ ရွေးခြယ်မိပြီဆိုလဲ ဒီလူငါ့ကို တကယ်မှ ချစ်ရဲ့လား။ ငါချစ်သလောက်ပြန်ချစ်ရဲ့လား စတဲ့အတွေးလေးတွေနဲ့ ရတက်မအေးတက်ကြပါဘူး။ ဒီအတွက် ကူညီပြီးဒီဗေဒင်လေးကို ကောက်နုတ်တင်ပြလိုက်တယ်နော်။အလွယ်လေးပါပဲ။ ပထမအဆင့်အနေနဲ့ ကိုယ့်ကို ချစ်စကားပြောလာတဲ့သူရဲ့ နာမည်ကိုဗျည်းတစ်ခုစီရဲ့ နေ့နံဂဏန်းပြောင်းလိုက်ပါ။ နေ့နံ ဂဏန်းကို တော့သိမယ်ထင်တယ်နော်။ ဥပမာ – အောင် ဆိုရင် (အ) တနင်္ဂနွေ၊ ဂဏန်းက 1 ပေါ့။ မင်းဆိုရင် (မ)ကြာသပတေး ၊ ဂဏန်းက 5 ပေါ့။ ထွန်းဆိုရင် (ထ) စနေ၊ ဂဏန်းက 7 ပေါ့ လွယ်ပါတယ်။ အဲဒီအတိုင်း […]