that naing ooDecember 25, 20111min59
ငါ ့ရဲ ့အလွမ်းတွေ ကြောင် ့ တောင်တန်းတွေ လှုးလိမ် ့ ငိုနေတာ တွန် ့ခေါက်ယိမ်းထိုးကုန်ပြီ ။   ။ အပ်ကြောင်းထပ်နေတဲ ့ အထီးကျန်ရင်ဖွင် ့သံတွေကြောင် ့ ကောငးကင်က ငွေလမင်းတောင် ကွေးကွေးလေးကျောခိုင်းနေတယ် ငါ ့ကို ။   ။   ။ ကြယ်သေးသေးလေးတွေက လက်ပြပြီး ပြိုင်တူပြေးတာ မှိတ်တုတ်မှိတ်တုတ်နဲ ့ တဖြည်းဖြည်း ဝေးလို ့ မှိန်လို ့ ။   ။ တိမ်မျှင်စလေးတွေက မိုးကုတ်စက်ဝိုင်းရဲ ့ အစွန်းကနေ ဆက်မတိုးပဲရပ်နေတယ် ငါတစ်ယောက်တည်းအနေခတ်အောင် ။   ။ ငါ ….အထီးကျန်နေတာ ငါ လွမ်းနေတာ ငါမင်းကိုသိပ်ချစ်တာတွေကို ငါ ့ကို ငုံကြည် ့နေတဲ […]