ko noAugust 27, 20101min782
သို့ / အကြောင်းအရာ။……….။ ချစ်သူရာထူးမှ နုတ်ထွက်ခြင်း ကျွန်တော်မျိုး တာဝန်ထမ်းဆောင်သည့် တစ်နှစ်သာကာလအတွင်း သခင်အပါး အမြဲခစား လေ့လာသင်ယူခဲ့၏။ အမိန့်တော် နာခံခဲ့၏။ သခင့်အလို အမြဲဖြည့်ဆည်းခဲ့၏။ နေကောင်းကျန်းမာပါသလားဟု အမြဲ မေးမြန်းလျှောက်တင်ခဲ့ရ၏။ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အချစ်ခံရသူအဖြစ် သခင်ခံစားစေရန် ကျွန်တော်မျိုးမှာ စောင့်စားခြင်း၊ ကြိုပို့ခြင်း၊ အဖော်လုပ်ခြင်း စသည် အလုပ်များကို လုပ်ခဲ့သည့်အပြင် သခင်ဝယ်သမျှ အသပြာလိုက်လံ ပေးဆပ်ခဲ့ရ၏။ သခင်စိတ်တော် မညိုးနွမ်းအောင် မကြာခဏ လက်ဆောင်ပဏ္ဍာ ဆက်သရ၏။ ချစ်သူဟူသော တာဝန်ကို ထမ်းဆောင်စဉ် စိတ်နှလုံးကြီးမြတ်ရ၏။ နွေးနွေးထွေးထွေး ဆက်ဆံရ၏။ ဂရုတစိုက် ယုယရ၏။ တစ်ခြားအမျိုးသားများနှင့် သခင်စကားလက်ဆုံကျလျှင် (သို့) သူတို့ကိုတော်ကြောင်း၊ တတ်ကြောင်း သခင်ချီးကျူးလျှင် မနာလို ဝန်တိုစိတ်မရှိရ။ တာဝန်ထမ်းဆောင်နေစဉ် အမှားလုပ်ခဲ့မိလျှင်သော် […]